ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်မှာကြား


Ministry of Cooperatives and Rural Development/ Naypyitaw / August 05, 2024
image_latest


နေပြည်တော် ဩဂုတ် ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်/ ကောလိပ်များ၊ သင်တန်းကျောင်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်များ/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်နှင့်အထက် ဝန်ထမ်းများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်နှင့်အထက် ဝန်ထမ်းများက Online စနစ်ဖြင့် စုစုပေါင်း ( ၇၈၅ ) ဦး တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများအား မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးနှင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် ဦးစွာ မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထား ဆောင်ရွက် သည့်နိုင်ငံဖြစ်သောကြောင့် တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်၊ မွေးမြူရေးလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေး အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေပြုပြင်ရေး၊ ရေရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို သမဝါယမစနစ်ဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် များက အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်နေပြီး နိုင်ငံတော်အစိုးရက မူဝါဒဖြင့် ထိန်းကျောင်းပေးရ ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည်မှ ဈေးကွက်ရောက်သည်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် မှာ ပုဂ္ဂလိကနှင့်တောင်သူများ၏ အခက်အခဲများကို ကူညီပံ့ပိုးဖြေရှင်းနိုင်ရေးအတွက် သမဝါယမ စနစ်ဖြင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီး မှူးများအပါအဝင် ဌာနအကြီးအကဲများက မိမိတို့ဦးစီးဌာနအလိုက် ဝန်ထမ်းသက်သာချောင်ချိရေး၊ လုပ်ငန်းခွင်ပျော်ရွှင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဝန်းထမ်းများအနေ ဖြင့် စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်စွာဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ဦးစီးဌာနအချင်းချင်း၊ တက္ကသိုလ်ကောလိပ်အချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ စက်မှုကုန်ကြမ်းသီးနှံ ဝါနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်လမ်း/ တံတားနှင့် ကျေးလက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး အတွက် ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးသည့် စီမံကိန်းများဖြစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ပို့ချရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်က စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲ ထိန်းကျောင်းတည့်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဦးစီးဌာနများအလိုက် တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းဆိုင်ရာ များနှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက  သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3473 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download