ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / January 22, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဥယျာဉ်ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဥယျာဉ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပမှစားသုံးဆီတင်သွင်းမှုလျှော့ချရန် ဆီထွက်သီးနှံမြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ပေးအပ်လျက်ရှိပြီး ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး၊ နွေစပါးအချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားပြီး ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရှားတောကျေးရွာသို့သွားရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ထားသော ဆင်သေချောင်း ယာယီရေထိန်းတာတည်ဆောက်၍ ဆိုလာဓာတ်အားပေးစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေအချိန်မီရရှိရေးနှင့် ရာသီအလိုက်သီးနှံများ သီးထပ်သုံးသီးစိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ချောင်းကမ်းကြီးကျေးရွာရှိ ချောင်းကမ်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းပိုင်စိုက်ပျိုးမြေ ၇၉ ဧက ကျော်အနက် ၂၂ ဧကတွင် ဆီးထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရန်ကျန်ရှိသည့် ဧကများတွင် နွေစပါးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေအချိန်မီရရှိရေး၊ မျိုးနှင့်သွင်းအားစုများ တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေးနှင့် ပန်တိုင်အထွက်နှုန်းပြည့်မီရေး၊ သီးနှံများဈေးကွက်ရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3053 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၁၇ ရက်၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download