ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / May 10, 2025

နေပြည်တော် မေ ၉
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၂၁/၂၀၂၄) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သူရိန်လင်းထက်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဆန်းထူးနိုင်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နန်းဆောင်းချယ်ရီဖွေး၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မြိုင်သီတာ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဆန်းထူးနိုင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားရာတွင် “စိတ်ဓာတ် စည်းကမ်းကောင်းမွန်ပြီး ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝ၍ ကျန်းမာကြံ့ခိုင်သော၊ မျိုးချစ် စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝခေတ်မီသည့် ရဲအရာရှိငယ်များဖြစ်လာစေရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယရဲအုပ်များ အဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီး ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့် တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချပေးခဲ့သည့် ဥပဒေပညာ၊ ရဲလုပ်ငန်းအတတ်ပညာ၊ စစ်ပညာ များနှင့် ခေါင်းဆောင်မှုပညာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချသွားရန် မိမိကိုယ်တိုင် စံပြဖြစ် အောင် နေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်နှင့် ပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။
လက်ရှိကာလတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်၊ နယ်မြေခံပြည်သူ့စစ်များ၊ လုံခြုံရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဒေသခံပြည်သူလူထုများနှင့် လက်တွဲကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေသည့် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များအနေဖြင့် နောင်တော်ရဲတပ်ဖွဲ့ဝင်များနည်းတူ ပြည်သူကို အလုပ်အကျွေးပြုပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးအတွက် အသက်ပေးကာကွယ်စောင့်ရှောက်တတ်သော ရဲတပ်ဖွဲ့ဝင်များအဖြစ်ခံယူကာ မိမိတို့ကျရာ တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်သွားကြ ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ စေတနာထားဆောင်ရွက်ပေးပြီး မိမိတာဝန်ကျရာနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်တပ်တစ်အား ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ခြင်းများအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို စစ်မှန်သည့် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်ပေးကြရမည်ဖြစ်သလို သဘာဝဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် ဖြစ်ပေါ်တတ်သည့်မှုခင်းများကို လေ့လာပြီး မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝ ထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း လေ့ကျင့်သင်ကြား ပျိုးထောင်ပေးလိုက် သည့် ပညာရပ်များကို အခြေခံပြီး မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် ဒေသအသီးသီးတွင် လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၂၁) ရဲသီဟတပ်ခွဲတွင် တပ်ဖွဲ့တွင်းမှ ဘွဲ့ရအမျိုးသား ၁၉၈ ဦး၊ အမျိုး သမီး ၁၂၉ ဦး စုစုပေါင်း ၃၂၇ ဦးတို့ကို လေ့ကျင့်သင်ကြား၍ သင်တန်းဆင်းပေးခဲ့ကြောင်းနှင့် ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဗဟိုခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဒုတိယရဲအုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3158 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download