ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ဒေသန္တရကျန်းမာရေးဌာနများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ဒေသန္တရကျန်းမာရေးဌာနများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 15, 2025

နေပြည်တော် ဇွန် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသော ဒေသန္တရကျန်းမာရေးဌာန (UHC) များ သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ဒေသန္တရကျန်းမာရေးဌာနများ၌ အဆိုပါဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသန္တရကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသန္တရကျန်းမာရေးဆေးခန်းများ၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးထားသည့် ဆေးဝါးများအသုံးပြုမှု၊ ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို စစ်ဆေးကာဆေးဝါးများ အကျိုးရှိ စွာအသုံးပြုစေရေး၊ မိမိတို့ဒေသတွင်းသို့ ပြောင်းရွှေ့လာသည့် ရွှေ့ပြောင်းပြည်သူများ ကျန်းမာရေးအသိ ပညာမြှင့်တင်နိုင်ရေးနှင့် ဆေးကုသမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ သတ်မှတ်နေ့ရက်အလိုက် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများဖြစ်သော ကိုယ်ဝန်ဆောင်များ၊ ကူးစက်ရောဂါနှင့်သက်ဆိုင် သောလူနာများ၊ သွေးတိုး၊ ဆီးချိုစသော မကူးစက်တတ်သောရောဂါလူနာများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ သွားနှင့်ခံတွင်းနှင့် မီးတွင်းမိခင်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် (၅)နှစ်အောက်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရန်နှင့် မြို့ပြနှင့် ကျေးလက်ကျန်းမာရေး အဆင့်ကွာဟမှုမရှိ စေရေး၊ ဒေသန္တရကျန်းမာရေးဌာန (Urban Health Center-UHC) များကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ယခုထက် ပိုမို၍ အားဖြည့်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
