ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့နှင့်သီးခြားစီတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့နှင့်သီးခြားစီတွေ့ဆုံ
Ministry of Information/ Naypyitaw / October 17, 2025

နေပြည်တော် အောက်တိုဘာ ၁၆
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေး(Non-aligned Movement- NAM) တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် နှစ်နိုင်ငံချစ်ကြည်ရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၁၅ ရက်တွင် မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maria Manuela Lucas၊ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Abbas Araghchi ၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim RYZHENKOV (ယာပုံ)၊ ကျူးဘား နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bruno Rodri-guez Parrilla၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် H.E.Md. Touhid Hossainနှင့် အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mrs. Monica Robelo Raffone တို့နှင့် လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ယူဂန်ဒါသမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် ရှိရင်းစွဲသံတမန်ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအဆင့် နိုင်ငံရေးရာဆွေးနွေးမှုများပြုလုပ်သွားရေး၊ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုထိတွေ့ညှိနှိုင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ-ယူဂန်ဒါနှင့် မြန်မာ-မိုဇမ်ဘစ်တို့အကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးစတင်ထူထောင်နိုင်ရေးအလားအလာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဉ် ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဘက်ကရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာဘက်ကဆောင်ရွက်နေမှုများကို အလေးပေးပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အာဖရိကရှိနိုင်ငံ ၂၁ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၆ နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိပြီးဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3321 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download