ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျောက်ကပ်အစားထိုး လူနာများအား ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / October 23, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၂

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးတိုးတက် စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်ရောဂါလူနာများအတွက် ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူနိုင်ရန် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ခံယူထားသော လူနာနှင့် အလှူရှင်များကိုတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများအား တွေ့ဆုံအားပေးကာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ဒုတိယအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နေ အသက် (၃၁)နှစ်ရှိ အမျိုးသားကျောက်ကပ်လူနာနှင့် ကျောက်ကပ်အလှူရှင် အစ်ကိုတော်စပ်သူ အသက်(၄၃)နှစ် အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက် ၉ နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီ ကြာမြင့်ခဲ့သည်။

တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော်တပ်ကုန်းမြို့နယ်နေ အသက်(၃၁)နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီး (သားဖွားဆရာမ)နှင့် ကျောက်ကပ်အလှူရှင် မိခင်တော်စပ်သူ အသက် (၅၂)နှစ် အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက်၉နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် ခွဲစိတ်ကုသမှုပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီခွဲကြာမြင့်ခဲ့သည်။

ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်လေးဦးတို့၏ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ကျောက်ကပ်အစားထိုးကုသမှု ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်နှင့် တတိယအကြိမ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာသဇင်ခိုင်နှင့် ဆေးတက္ကသိုလ် (၂)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ မျိုးသန်းတို့ပါဝင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ် ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခဒေါက်တာရည်ရည်ခိုင်၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ ဒေါက်တာခင်သီတာသွင်၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီး ဒေါက်တာယဉ်ယဉ်မွန်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာငုဝါဝါမင်းတို့ပါဝင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာ မောင်မောင်ဆွေ၊ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ပါမောက္ခ ဒေါက်တာကြည်ကြည်စန်းတို့ပါဝင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခဒေါက်တာ စန်းစန္ဒာခင်နှင့် တွဲဖက်ပါမောက္ခ(အဏုဇီဝ) ဒေါက်တာ ခိုင်ဝင်းထွန်းတို့ပါဝင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ ဒေါက်တာခိုင်ဝင်းထွန်း၊ အထူးကု ဆရာဝန်ကြီး(သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့ ဦးဆောင်သော သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာခိုင်ရွှေဝါ ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး (သူနာပြုအုပ်ကြီး) ဒေါ်စောရွှေနှင့် သူနာပြုများ၊ သူနာပြုကြီး ဒေါ်ခင်ထားဝင်း၊ သူနာပြုကြီး ဒေါ်သက်ဆု၊ သူနာပြုကြီး ဒေါ်ဥမ္မာလွင်တို့ ဦးဆောင်သော ခွဲစိတ်ခန်းသူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3326 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download