ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / November 04, 2025
နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေး၊ လေကြောင်းလိုင်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွား ဧည့်သည်များလည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံ၌နှစ်စဉ်ကျင်းပသည့် ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများတွင်စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာပါအချက်များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံအစားအသောက်နှင့်အချက်အပြုတ် ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဌာနထူထောင်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအမျိုးသားစာကြည့်တိုက်များအကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန် လွှာအကောင်အထည်ဖော်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပေးအပ်ရာရုရှား ဖက်ဒရေးရှင်းနိုင်ငံနိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးကလက်ခံရယူသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒေါ်နုမြဇံနှင့် ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
သတင်းစဉ်
		Newspaper - 3338 items
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
				
            
                            
                                