ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစီအစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / November 16, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစီအစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲလှုံ့ဆော်တေးသီချင်းရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြမည့် ဂီတအနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် “အနာဂတ်မျှော်ရည် မဲပေးမည်” သီချင်းခေါင်းစဉ်ဖြင့် နာမည်ရတေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ကိုလတ်၊ ကြည်ဖြူခင်၊ ရွှေဖြူ၊ မို့မို့ကျော်လွင်၊ ခင်လပြည့်ဝန်းနှင့် ပုလဲသန့်သွယ်တို့ စုပေါင်း၍ သီဆိုမှု၊ ရိုက်ကူးရေးဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားကာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါ လှုံ့ဆော်တေးသီချင်းကို မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နှင့် အကော်ဒီယံ အောင်မင်းနိုင်တို့က ရေးသားပြီး ဂီတမှူး အကယ်ဒမီဝင်းကိုနှင့် အဖွဲ့က တီးခတ်အသံသွင်းကာ ယနေ့တွင် ရိုက်ကူးရေး ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲလှုံ့ဆော်တေးသီချင်း ဖျော်ဖြေကြမည့် တေးသံရှင်များနှင့် တွေ့ဆုံပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မှန်ကန်စွာအသိပညာပေးနိုင်ရေး၊ ဆန္ဒမဲပေးခွင့်ရှိသော ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့်သူများကို မှန်ကန်စွာ ရွေးချယ်မဲပေးနိုင်ရေးတို့အတွက် အနုပညာရှင်များက ယခုကဲ့သို့ ဆန္ဒအလျောက် တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူချစ်သော အနုပညာရှင်များအဖြစ် အစဉ်အမြဲရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားကာ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း (MPPA) နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများသည် မီဒီယာလောကအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည်ဟု ခံယူထားပါကြောင်း၊ စာရေးသူများ ခံစားတင်ပြလို သည့် အကြောင်းအရာများကို ပုံနှိပ်ထုတ်ဝေသူများက စာဖတ်သူပြည်သူများထံသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် အရေးပါသည်ဟု ပြောကြားလိုပါကြောင်း၊ ယနေ့ အချိန်တွင် စာပေထုတ်ဝေမှုလုပ်ငန်းများကို ကြိုတင်စိစစ်မှုမရှိတော့ဘဲ မိမိတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ပြုထားပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ဝေခြင်းလုပ်ငန်းရှင် ၅၃၅ ဦး၊ ပုံနှိပ် လုပ်ငန်းရှင် ငါးဦး၊ သတင်းအေဂျင်စီလုပ်ငန်းရှင် ၃၇ ဦးတို့အား လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ခွင့်ပြုပေးထားပါကြောင်း၊ ယနေ့အချိန်သည် နိုင်ငံတော်အတွက် အရေးပါသည့် အချိန်ကာလတစ်ခုဖြစ်သည့်အတွက် ပြည်သူများ အသိပညာမြင့်မားစေမည့်၊ ရွှင်ပြုံးအပန်းပြေစေမည့် စာကောင်းပေမွန်များကို ထုတ်ဝေပေးကြပါရန်နှင့် ပြည်သူများ အတွေးအမြင်လွဲမှားစေမည့် စာပေအဆိပ်သင့်မှုများ မရှိစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ပုံနှိပ်လုပ်ငန်းများ၊ ထုတ်ဝေရေးလုပ်ငန်းများအား ဥပဒေစည်းကမ်း များအတိုင်း လိုက်နာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း(MPPA) ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် တက်ရောက်လာကြသူများက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

Newspaper - 3351 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download