ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ခရိုင်အဆင့် အားကစားကွင်းအား ကြည့်ရှုစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / December 11, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ရောက်ရှိ၍  ခရိုင်အဆင့်မှီရန် မြှင့်တင်ဆောင်ရွက်မည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နံနက်ပိုင်းတွင် မင်းဘူးမြို့၊ ဦးဩဘာသမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ဒေသခံများအား တွေ့ဆုံ၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောသစ်ပင်များသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို လျှော့ချ ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို ပံ့ပိုးပေးလျက်ရှိတဲ့အတွက် သဘာဝဂေဟစနစ်အားလုံးရဲ့ ဗဟိုချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဆောင်ပုဒ်(၃)ခုထဲတွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” အချက် ပါဝင်ပါကြောင်း၊ သစ်တောသစ်ပင် ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းဘူးခရိုင်၏ သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၁၄.၄၂ ရာခိုင်နှုန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၁၅.၆၁ ရာခိုင်နှုန်းအထိ တိုးတက်လာပါကြောင်း၊ မင်းဘူးမြို့သည် ၂၀၂၄ ခုနှစ် အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့သည့်အပြင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ လက်မ ၄၀ အောက်သာရှိပါကြောင်း၊ မင်းဘူးမြို့အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သစ်ပင်စိုက်ပွဲများဆောင်ရွက်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းနှင့် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်း တည်ထောင်ခြင်းစသည့် နည်းလမ်းများဖြင့် အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁၂၁.၈၇ သန်း စိုက်ပျိုးပေးခဲ့ရာ မင်းဘူးခရိုင်တွင် ၂.၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့ပါကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းမှာလည်း သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်များကို ၅ နှစ် စီမံချက် ရေးဆွဲ၍ အပင်ပေါင်း ၁၂.၅ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အနေဖြင့် အပင်ပေါင်း နှစ်သိန်းကျော် စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ၅ နှစ်တာကာလအတွင်း  ဆောင်ရွက်တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍  မကွေးတိုင်းဒေသကြီး၏ အဓိကစီးပွားရေးကဏ္ဍမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး၊ လယ်ယာလုပ်ကိုင်ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူမှာ မကွေးတိုင်းဒေသကြီးတစ်ခုလုံး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ GDP မှာလည်း တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ မင်းဘူးခရိုင်၏ ဆည်ရေသောက် ဧရိယာမှာ တိုင်းဒေသကြီး တစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ မင်းဘူးခရိုင်သည် မကွေးတိုင်းဒေသကြီး၏ အိုအေ‌စစ်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုး ထုတ်လုပ်မှုမှာ သိသိသာသာတိုးတက်လာပါကြောင်း၊ ထို့အတူ မွေးမြူရေးကဏ္ဍကိုလည်း တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် MSME လုပ်ငန်းများလည်း တိုးတက်လာမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မိမိတို့၏ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

Newspaper - 3466 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download