ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / January 11, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန ဆွတ်ဂျာအိန်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်းသာမက ကုန်ထုတ်ကုန်သွယ်လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မျိုး၊ မြေ၊ ရေ၊ နည်း လေးချက်အတိုင်း စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ပါက ပန်းတိုင်ရည်မှန်း ချက်ပြည့်မီပြီး သီးနှံများဖြစ်ထွန်းအောင်မြင်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြစိမ်းရောင်စီမံကိန်း၊ သမဝါယမဦးစီးဌာနတွင် သက်တန့်ရောင်စီမံကိန်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် ဝင်ငွေတိုးစီမံကိန်းများဖြင့် ပြည်သူများ အရင်းအနှီးရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ သတ်မှတ်သီးနှံ ၁၃ မျိုးတွင် သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ရောက်ရန်လိုအပ်ကြောင်း၊ ဦးစီးဌာနလေးဌာနမှ ဝန်ထမ်းများ သက်သာ ချောင်ချိရေးကို အလေးထားဆောင်ရွက်ရန်နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များ တက်ရောက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ခိန်ရပ်ကွက်အတွင်းရှိ “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်နှင့် မြို့သစ်ကြီး (ဂျာမိုင်ကောင်း) ရပ်ကွက်အတွင်းရှိ “ခခူး” စက်မှုလက်မှုရက်ကန်းကုန်ထုတ် သမဝါယမအသင်းလီမိတက်တို့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3407 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download