ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မန္တလေး - နေပြည်တော် ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်းကြံ့ခိုင်မှု၊ ဘူတာအသစ်တည်ဆောက်ခြင်းနှင့် တံတားအသစ်များ ပြန်လည်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မန္တလေး - နေပြည်တော် ရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်းကြံ့ခိုင်မှု၊ ဘူတာအသစ်တည်ဆောက်ခြင်းနှင့် တံတားအသစ်များ ပြန်လည်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / February 22, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မြစ်ငယ်ဘူတာမှ RBE ရထားဖြင့် မန္တလေး - နေပြည်တော်ရထားလမ်းပိုင်းအတွင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး၊ ဘူတာများအသစ် ပြန်လည်တည်ဆောက်နေမှု၊ တံတားများကြံ့ခိုင်မှုနှင့် တံတားအသစ် ပြန်လည်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ မြစ်ငယ်ဘူတာမှ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ ဘဲလင်းဘူတာနှင့် ကျောက်ဆည်ဘူတာကြားရှိ တံတားအမှတ် (၇၇၁) သို့ ရောက်ရှိပြီး တံတားတည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ကျောက်ဆည်ဘူတာသို့ရောက်ရှိပြီး အသစ်ပြန်လည်တည်ဆောက်မည့် အလျားပေ ၁၀၀၊ အနံပေ ၄၀ ကွန်ကရစ်ကြမ်းခင်း သံကူကွန်ကရစ်အမျိုးအစား ဘူတာသစ် တည်ဆောက်မည့်မြေနေရာ၊ ကျောက်ဆည်ဘူတာနှင့် မင်းစုဘူတာအကြားရှိ တံတားအမှတ် (၇၃၉) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီ ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် RBE ရထားဖြင့် ဆက်လက်ထွက်ခွာလာရာ သပြေတောင်းဘူတာသို့ ရောက်ရှိပြီး ဘူတာအသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဘူတာအဝင်အထွက်လမ်းများ စနစ်တကျဆောင်ရွက်ရေး မှာကြားသည်။
စနစ်တကျဆောင်ရွက်
ဆက်လက်၍ သပြေတောင်းဘူတာနှင့် စမုံဘူတာအကြားရှိ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော အသစ်ပြန်လည်တည်ဆောက်လျက်ရှိသည့် တံတားအမှတ် ၆၉၁ သို့ ရောက်ရှိပြီး စက်ယန္တရားကြီးများဖြင့် ဘိုးပိုင်တူးခြင်း၊ ရေတိုက်စား၍ ပျက်စီးသွားသော အစုန်လမ်းတံတား၏ တိုင်ဟောင်းများ ဖျက်သိမ်းပြီးစီးမှု၊ မြေထိန်းနံရံကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တံတားတည်ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ မိုးတွင်းကာလတွင် မိုးများသောကြောင့် သစ်ပင်သစ်လုံးသစ်မြစ်များမျောပါလာနိုင်သဖြင့် တံတားအောက်တွင် Basket များ ထားရှိရေး၊ ချောင်းကမ်းပါးနံရံများ ပြိုကျပိတ်ဆို့မှုမရှိစေရန် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3449 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
