ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 02, 2026
နေပြည်တော် မတ် ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းတစ်လျှောက်တွင်လည်း သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းထားရန်၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်း လမ်းကြောင်းတစ်လျှောက်တွင်လည်း တာဝန်များအပိုင်းလိုက် ချထားရန်၊ ဓာတ်အားခွဲရုံအတွင်း/ အပြင် သန့်ရှင်းသာယာလှပရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိပြီဖြစ်၍ဓာတ်အားခွဲရုံ၊ ဝန်ထမ်းအိမ်ရာများနှင့် အနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်မှာကြားကာ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၃၃၁၀၆) နှင့် (၃၃၁၀၇) တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လက်ရှိပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းပြည့်မီပြီး ငလျင်ဒဏ်ခံနိုင်အောင် အလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းများနေထိုင်ရာ မူလနေရာများတွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပေ (၂၀ x ၁၂၀) အရွယ်အစားရှိ Modular House နှစ်ထပ်အဆောက်အအုံ ၁၀ လုံးတွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်နေမှုနှင့် ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် မြေသားလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3457 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
