ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မွန်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်း၊ စိုက်ခြံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မွန်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်း၊ စိုက်ခြံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 20, 2026
နေပြည်တော် မတ် ၁၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မင်းရွာ ရော်ဘာခြံ၌ ရော်ဘာပင်များ စိုက်ပျိုးထားရှိမှု၊ အစေးလှီး ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရော်ဘာနှင့် ရော်ဘာထွက်ကုန်ပစ္စည်းများသည် မရှိမဖြစ်လိုအပ်သောကြောင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် ပင်ပြည့်၊ ကွက်ပြည့် အစေးလှီးနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် အလေအလွင့်မရှိအောင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါ ဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စက်မှုကြီးကြပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများသည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် စက်မှုလုပ်ငန်းများကို စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့် အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လေ့လာသင်ယူခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်စက်မှု ဇုန်ရှိ ထူးစက်မှုလက်မှုလုပ်ငန်း၌ ခေတ်မီစက်ကိရိယာပစ္စည်းများ အသုံးပြု၍ စက်ခုတ်စားနေမှု၊ လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန စက်ရုံရှင်းလင်းဆောင်ခန်းမ၌ အဆိုပါဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံရာ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ယခင်က ကြွေထည်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့သည့်အတွက် စက်ရုံရှိ နည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေးအတွက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်မရှိလျှင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်၍ မရသဖြင့် ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက် လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ပုံသေပိုင်ပစ္စည်းများ၊ စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးအတွက် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ဆိပ်ကမ်းမြေနေရာကိုလည်း အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် တင်ဒါခေါ်ယူခြင်း၊ စိတ်ဝင်စားမှုအဆိုပြုလွှာ (EoI) ခေါ်ယူခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး ဆိပ်ကမ်းမြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ် (၄) အရက်ချက်စက်ရုံ (မော်လမြိုင်) သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန် မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါ ဌာနမှဝန်ထမ်းများနှင့် တွေ့ဆုံရာ ဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခြင်းလုပ်ငန်း၊ ဘွိုင်လာစစ်ဆေးခြင်းလုပ်ငန်း၊ လျှပ်စစ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ စက်မှုဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပံ့ပိုးပေးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေး လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3475 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
