ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များ ကွင်းဆင်းထောက်ပံ့ပေးအပ်


Ministry of Information/ Naypyitaw / April 20, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်အတွင်း ဧပြီ ၁၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်သည်။

ဦးစွာ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇီးကုန်းမြို့နယ် ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ ပြိုကျနေအိမ် ၁၀ အိမ်၊ အမိုးလန်နေအိမ် ၃၇၅ အိမ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးဘုန်းတော်ကြီးကျောင်း ငါးကျောင်း တို့အတွက် ထောက်ပံ့ငွေကျပ် ၂၀၂ ဒသမ ၅ သိန်း၊ ဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ ၁၅၅၄ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၇၇ဒသမ၇ သိန်း၊ အိမ်ထောင်စု ၃၈၅ စုအတွက် တန်ဖိုးငွေကျပ် ၁၅ ဒသမ ၄ သိန်းရှိ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း Hygene Kit ၃၈၅ စုံ၊ ကြို့ပင်ကောက်မြို့နယ် ရပ်ကွက်(၅) ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ အုပ်စုမှ ပြိုကျနေအိမ် ၅၇ အိမ်၊ အမိုးလန်နေအိမ် ၆၃၉ အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်းရှစ်ကျောင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၃၈၄ ဒသမ ၅ သိန်း၊ ဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ ၂၂၀၅ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၁၀ ဒသမ ၂၅သိန်း၊ အိမ်ထောင်စု ၆၉၆ စုအတွက် တန်ဖိုးငွေကျပ် ၂၇ ဒသမ ၈၄ သိန်းရှိ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း Hygene Kit ၆၉၆ စုံတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ပေးအပ်သည်။

ဘေးသင့် အိမ်ထောင်စုများနှင့်တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မတ်လနှောင်းပိုင်းမှ ဇွန်လဆန်းအထိ ကာလများသည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် လေပြင်းများတိုက်ခတ်လေ့ရှိသည့် ရာသီကာလဖြစ်ပြီး ပြည်သူလူထုနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများအမိုးလန်ခြင်း၊ ပြိုလဲခြင်းတို့ဖြစ်ပွားကာ နှစ်စဉ်ငွေကျပ် သန်းပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါထိခိုက်ဆုံးရှုံးရမှုများကို လျှော့ချနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက် ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် နေအိမ်/အဆောက်အအုံများ ကြံ့ခိုင်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လေပြင်းတိုက်ခတ်စဉ်နှင့် လေပြင်းတိုက်ခတ်ပြီးနောက် လိုက်နာဆောင်ရွက်ရန်အချက်များကို အများပြည်သူသို့ လှည့်လည်အသိပေးကြေညာခြင်း၊ နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ခြင်း၊ ဖြစ်ပွားမှုများပြားခဲ့သော ရပ်ကွက်/ကျေးရွာများကိုရွေးချယ်၍ စံနမူနာပြအဖြစ် ကြံ့ခိုင်မှုအားနည်းသော နေအိမ်များကို အားဖြည့်မွမ်းမံမှု လက်တွေ့ဆောင်ရွက်ပြသခြင်းတို့ကို မတ်လဆန်းပိုင်းကပင် မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် အချိန်ရာသီကာလအလိုက်၊ ဒေသအလိုက်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို မပြတ်သတိပြု၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် မိမိတို့၏ အိုးအိမ်စီးပွားဥစ္စာများဆုံးရှုံးရမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုကာလများသည် ရုတ်တရက် မိုးရွာသွန်းခြင်း လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်သည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်တို့ကို ပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် လေဘေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ပေးခဲ့မှုမှာ ယမန်နေ့က ထောက်ပံ့ခဲ့သော လုံးဝပြိုကျပျက်စီးအိမ်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း အိမ်ထောင်စု ၆၇ စုစာအပါအဝင် ထောက်ပံ့ငွေနှင့်ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၉၁၈ ဒသမ ၆၉ သိန်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download