ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း ထပ်ဆင့်ရှင်းလင်း
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း ထပ်ဆင့်ရှင်းလင်း
Ministry of Information/ Naypyitaw / April 22, 2026
နေပြည်တော် ဧပြီ ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းသည်။
ပြောကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင် ပါရှိသော လမ်းညွှန်မှာကြားမှုများကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူ၍ အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကာလသည် မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယဖြစ်သည့်အပြင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်လည်း ပေါ်ထွန်းလာပြီဖြစ်သကဲ့သို့ လွှတ်တော်များလည်း ပြန်လည်အသက်ဝင်လာကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်တက်ကြွကြွ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ဝန်ထမ်းတိုင်း၏ အခြေခံအကျဆုံး တာဝန်တစ်ရပ်ဖြစ်ကာ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုယန္တရားဖြစ်ပေါ်လာစေရန်အတွက် အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးတာဝန်ရှိသူ အဆင့်ဆင့်မှ စနစ်တကျထိန်းသိမ်းကြပ်မတ်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံကျသည့်အုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရာတွင် မိမိတို့ဝန်ကြီးဌာနသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းစဉ်များတွင် ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူချောမွေ့စေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ခေတ်မီနည်းပညာများကို အသုံးပြု၍ ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်အောင်ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် အမြဲမပြတ်ထိတွေ့ပြီး ဟန်ချက်ညီညီချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်ပဈေးကွက်သို့ မြန်မာ့ထုတ်ကုန်များ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ပြည်ပဈေးကွက်သစ်များ ရှာဖွေရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးကာကွယ်ပေးရေး၊ မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်ပေးရေးတို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးဝင်းမြင့်ခိုင်တို့က ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် ပြည်ပရှိ စီးပွားရေးသံမှူးများ စုစုပေါင်း ၅၇၂ ဦးတို့က In person/ Virtual တို့ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3503 items
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
