ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဧရိယာရှိ ခေတ်မီသိုလှောင်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / April 28, 2026
image_latest


ရန်ကုန် ဧပြီ ၂၇

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီသိုလှောင်ရုံစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်း တံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL) တို့မှ သီလဝါဆိပ်ကမ်းဧရိယာအကွက်အမှတ် (၂၉) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဖြစ်သော ခေတ်မီသိုလှောင်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ခေတ်မီသိုလှောင်ရုံ လေးလုံးအနက်ပေ (၅၅၀x ၁၅၀ x၃၄) အရွယ်ရှိ တန်ချိန် ၂၅၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်ခြင်း၊ နောက်ခံမြေတွင် သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အပိုင်းလိုက်ဆက်လက်တည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ အဓိကလယ်ယာထွက်ပို့ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် သိုလှောင်တင်ပို့နိုင်ရေးအတွက် စီမံထားသည့်အတိုင်း အပိုင်းလိုက်ဆက်လက်တည်ဆောက်သွားကြရန် ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတားသို့ ရောက်ရှိစစ်ဆေးပြီး MITT အစည်းအဝေးခန်းမတွင် သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများအား တွေ့ဆုံရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများက လက်ရှိဆိပ်ကမ်းဝန်ဆောင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တည်ဆောက်ရန်ကျန်ရှိသည့် BOT ဆိပ်ကမ်းတံတားများမှ ၎င်းတို့အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရန်ကုန်ဆိပ်ကမ်း၏ ကုန်ကိုင်တွယ်ရရှိမှု ပမာဏကိုမြှင့်တင်နိုင်ရန် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို အကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်လိုကြောင်း၊ ထို့ကြောင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Trans-shipment) ဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု (Transit Trade) ဝန်ဆောင်မှုများကို ပေးနိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက်လုပ်ကိုင်ကြရန် လိုအပ်ပြီး နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက်လည်း စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံ တည်ဆောက်လုပ်ကိုင်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ကြရန်၊ စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ဆိုလာစနစ်ကို အစားထိုးသုံးစွဲကြရန်နှင့် ဘက်ထရီစနစ်သုံးကုန်ကိုင်တွယ်စက်ကိရိယာများနှင့် ယာဉ်များကို ပြောင်းလဲအသုံးပြုကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းပေးသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းရှိ 1500 BHP Harbour Tug တွန်းဆွဲရေယာဉ်အသစ်တစ်စင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3509 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download