ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော (၁၁)ကြိမ်မြောက် “Digitalization of Industrial Russia (2026)” ဖိုရမ်တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော (၁၁)ကြိမ်မြောက် “Digitalization of Industrial Russia (2026)” ဖိုရမ်တက်ရောက်
Ministry of Information/ Naypyitaw / May 20, 2026
နေပြည်တော် မေ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ မေ ၁၈ ရက်မှ ၂၂ ရက် အထိကျင်းပသည့် (၁၁)ကြိမ်မြောက် “Digitalization of Industrial Russia (2026)” ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် Mr. Mikhail Mishustin က အဖွင့်အမှာစကားပြောကြားပြီး ရုရှားနိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် ပညာရှင်များက သက်ဆိုင်ရာစက်မှုကဏ္ဍအလိုက် ဒီဂျစ်တယ်နည်းပညာ အသုံးပြုဆောင်ရွက်နေသူများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများကို တင်ပြဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် “The Speed Race: Is Defense Keeping Pace with Threats?” ခေါင်းစဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြီး ယနေ့နိုင်ငံတကာတွင် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသည့် ဆိုက်ဘာနည်းပညာဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်ကို ကြံ့ကြံ့ခံနိုင်ရေးနှင့် အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရုရှားနိုင်ငံနှင့် နိုင်ငံတကာမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးကြသည်။
ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေး (IT Security) ဆော့ဖ်ဝဲနှင့် စက်ပစ္စည်းများထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Security Code ကုမ္ပဏီအား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ယနေ့ခေတ်လုံခြုံမှုဆိုင်ရာ နည်းပညာမျှဝေပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာကူးပြောင်းမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ရုရှားအစိုးရ၏ “Digital Economy” အမျိုးသားစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နည်းပညာနယ်ပယ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ပြင်ဆင်ထားသည့် နေရာတစ်ခုဖြစ်သည့် NEIMARK တက္ကသိုလ်၏ IT Campus သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ပေးနိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဖလှယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3531 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
