ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး


Ministry of Information/ Naypyitaw / May 30, 2026
image_latest


နေပြည်တော် မေ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs-MARA)က ကြီးမှူး၍ ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၂၇ ရက်မှ ၂၈ ရက်အထိ Beijing Interna-tional Convention Center တွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးဇော်သိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)သို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong နှင့် ပါတီအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Agricu-lture and Rural Affairs မှဝန်ကြီး H.E. Mr. ZHANG Zhu၊ ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ လိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်အာဖရိက၊ ဥဇဘက်ကစ္စတန်၊ အိုင်ဗရီကို့စ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် ဖိတ်ကြားထား သော ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန(IPRCC)မှ ကိုယ်စားလှယ်များ၊ UN အဖွဲ့အစည်းကိုးခုမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong က အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ထို့နောက် ပထမအကြိမ် ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက်အဖွဲ့ အစည်းကော်မတီအစည်းအဝေးကို ကျင်းပရာ “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖွဲ့အစည်း” (Global Partnership for Poverty Reduction and Development Alliance) ကို တရားဝင်တည်ထောင်ကြောင်း ကြေညာခဲ့သည်။ မိတ်ဖက်အဖွဲ့အစည်းတည်ထောင်ရခြင်းရည်ရွယ်ချက်မှာ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းအကျိုးရှိရေးကို အခြေခံကာ ဆင်းရဲမှုလျှော့ချရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် GPPAD Charter ၊ ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးချယ်ခြင်း၊ GPPAD Action Plan တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဖိုရမ်အား ခေါင်းစဉ်လေးခုခွဲ၍ Parallel Sessions ကျင်းပရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များက အုပ်စုခွဲ၍ ခေါင်းစဉ်အသီးသီးဖြင့် မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက Sub-Forum 3: Social Equity and Inclusive Development ကဏ္ဍ၌ မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းကာ ဆင်းရဲမှုလျှော့ချရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မေ ၂၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၊ ပင်းကူးခရိုင်သို့သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်ထားသော ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးရေး၊ သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုနှင့် လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများကို လေ့လာကြည့်ရှုသည်။

ထို့ပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှုနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်တွေ့ကျသည့် ဖွံ့ဖြိုးရေးစနစ်များကို ကြည့်ရှုလေ့လာခဲ့ပြီး ကျေးလက်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတွေ့အကြုံများနှင့် အောင်မြင်မှုများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download