ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာ
Ministry of Information/ Naypyitaw / September 01, 2025

နေပြည်တော် စက်တင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တီယန်ကျင်းဆိပ်ကမ်းသို့သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့်မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တီယန်ကျင်းမြို့ရှိ Tengle Hotel မှနေ၍ မော်တော်ယာဉ်များဖြင့် ထက်ခွာကြပြီး လမ်းတစ်လျှောက် မြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တီယန်ကျင်းဆိပ်ကမ်းသို့ရောက်ရှိကြရာ ဆိပ်ကမ်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဆိပ်ကမ်းတာဝန်ခံက တီယန်ကျင်းဆိပ်ကမ်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆိပ်ကမ်းမှတာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းဆိုင်ရာအချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ်အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းတွင် AI စနစ်ဖြင့် ကွန်တိန်နာများအား သင်္ဘောများပေါ်သို့ တင်ချပြုလုပ်နေမှုနှင့် ဆိပ်ကမ်းအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် Sco Cooperation Organisation စာလုံးအား သရုပ်ဖော်ပြသကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဆိပ်ကမ်းတာဝန်ခံနှင့်လက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်သည်။
အဆိုပါ တီယန်ကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိက အထူးစီးပွားရေးဇုန်ဖြစ်သည့် Tianjin မြူနီစပယ်အုပ်ချုပ်ရေးဒေသ၏ Binhai New Area (BNA) ခရိုင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး Haihe မြစ်အနီး Bohai ပင်လယ်အော် အနောက်ဘက်ကမ်း တီယန်ကျင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသတွင် တည်ရှိကြောင်း၊ အဆိုပါဆိပ်ကမ်းအား တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိကထောက်ပံ့နှင့် ပို့ဆောင်ရေးအချက်အခြာနေရာအဖြစ် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆိပ်ကမ်းအား ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရေနက်ပင်လယ်ဆိပ်ကမ်း )Deep- Water Seaport/Riverport အမျိုးအစားဖြစ်ကြောင်း၊ ကုန်းမြေဧရိယာ ၁၂၁ စတုရန်းကီလိုမီတာအပါအဝင် စုစုပေါင်း ၄၇၀ စတုရန်း ကီလိုမီတာကျယ်ဝန်းကြောင်း၊ ထုတ်လုပ်ရေးဆိုက်ကပ်နေရာ ၁၄၀ ခုအပါအဝင် ဆိုက်ကပ်နေရာ စုစုပေါင်း ၂၁၇ ကျော်ရှိကြောင်း၊ ကွန်တိန်နာများကို တင်ချခြင်းများဆောင်ရွက်ရာတွင် AI စနစ်ကိုအသုံးပြု၍ လုပ်ငန်းများကိုဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ တီယန်ကျင်းဆိပ်ကမ်းသည် ရေအနက် ၂၂ မီတာ (၇၇) ပေရှိပြီး တန်ချိန် ၃ သိန်းရှိကြီးမားသောသင်္ဘောကြီးများဆိုက်နိုင်ကြောင်း၊ နှစ်စဉ်ကုန်စည်တင်ပို့မှုအနေဖြင့် တန်ချိန်သန်း ၅၀၀ ကျော်နှင့် ကွန်တိန်နာ ၁၃ သန်းကို တင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ဒေသနှင့်ပြည်နယ် ၁၄ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိပြီး တရုတ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ၏ ထက်ဝက်ကျော်ရှိကြောင်း သတင်းရရှိသည်။


Newspaper - 3273 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။
