ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်၊ ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်၊ ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်
Ministry of Information/ Naypyitaw / September 18, 2025

နေပြည်တော် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲကျင်းပ
အစီအစဉ်အရ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အား တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အတွင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်ခန်းမ အဆောက်အဦသစ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ ထားဝယ်မြို့တော်ခန်းမအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်တွင် ထားဝယ်မြို့သို့လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့၌ လိုအပ်လျက်ရှိသည့် မြို့တော်ခန်းမကို တည်ဆောက်ရန်ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၄၀၃၆၄ ရှိကာ ၁ ထပ်ခွဲ RCC အဆောက်အဦ အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။
ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပညာရေးကဏ္ဍကို အလေးပေးမြှင့်တင်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ဗဟုသုတ ပြည့်ဝကြရန်လိုကြောင်း၊ အထူးသဖြင့်မိမိတို့ နိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်အချိန်တွင် တိုင်းရင်းသားပြည်သူ အားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေး ခေါ်နိုင်စွမ်းနှင့် အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးများကို သယ်ပိုးရွက်ဆောင်နိုင်ကြရန် အရေးကြီးကြောင်း၊ ထိုသို့အဖက်ဖက်မှ ပြည့်စုံရန်အတွက် နိုင်ငံသားတိုင်း ပညာတတ်ရန်အဓိကကျကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ထားကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာရေးကို မြှင့်တင်ပေးနေသကဲ့သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်တန်းတွင် ထူးထူးချွန်ချွန်အောင်မြင်ကြသူများကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မမြတ်ရတနာသင်းကို ချီးမြှင့်ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်မှစပြီး တနင်္သာရီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်များကိုကြည့်ပါက ၂၀၂၁ ခုနှစ်တွင် ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ၆၈ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ ခုနှစ်တွင် ၄၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၅ ပညာသင်နှစ်တွင် ၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် အောင်မြင်မှုရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ဂုဏ်ထူးရရှိမှုများအနေဖြင့် (၄)နှစ်တာကာလအတွင်း ၆ ဘာသာ ဂုဏ်ထူးရှင် (၂၃)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၆၂)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင်(၁၁၀)၊ ၃ ဘာသာဂုဏ်ထူးရှင်(၁၆၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၂၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၆၆၃) ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် (၄)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်(၁)တစ်ဦးရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ပညာရေးကဏ္ဍ ပိုမိုတိုးတက်လာခြင်းသည် မိဘဆရာများ၏ စေတနာနှင့်ဝတ္တရား ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်မှုအပြင် ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်မှ ယနေ့ ၂၀၂၅ ခုနှစ်အထိ (၄)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအနက် ဆေးတက္ကသိုလ်တက်ရောက်နေသူ (၁၈)ဦး၊ နည်းပညာတက္ကသိုလ် တက်ရောက်နေသူ(၁၅၂)ဦး၊ ထားဝယ်မြို့ Polytechnic University မှာ (၁၉၆)ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရကြောင်း၊ ထို့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်လုံးတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(၄)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်း အခြေခံပညာရပ်များကို လေ့ကျင့်သင်ကြား ပေးလျက်ရှိနေသည်ကို တွေ့ရကြောင်း။
စာတော်သည့် ထူးချွန်သည့်သူတစ်ယောက်သည် ငယ်စဉ်ကတည်းက မိဘဆရာသမားများ၏ ကြပ်မတ်သွန်သင်မှုနှင့် ငယ်စဉ်ကတည်းက ကြိုးစားမှသာ ရခြင်းဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်ကြောင်း၊ မမြတ်ရတနာသင်း ကဲ့သို့ပင်ထားဝယ်ဒေသမှ တိုင်းသိပြည်သိ ကမ္ဘာသိထူးချွန်သည့်ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးဘဆွေ၊ ဦးစိန်ဝင်း၊ ဗိုလ်မှူးကြီးဗထူး၊ မီးပုံးပျံ ဦးကျော်ရင်၊ သူရမချစ်ပို၊ ပန်းချီ ဦးငွေကိုင်၊ နိုင်ငံတော်စာရင်းစစ်ချုပ် ဦးအုန်းတင်၊ မောင်ထားဝယ် ဦးဖေအေး၊ ကျွန်းဆွယ်အလေးမချန်ပီယံ ဦးဖေအေး စသည်ဖြင့် အခြားမိမိအနေဖြင့် မဖော်ပြနိုင်သည့် ပုဂ္ဂိုလ်များလည်းများစွာရှိကြအုန်းမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအတွက် ဂုဏ်ယူဖွယ်ရာများပင်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ မိဘများ၊ ဆရာ ဆရာမများကလည်း မိမိတို့၏ သားသမီးများ၊ တပည့်များကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင် သွန်သင်ဆုံးမ၊ လေ့ကျင့်သင်ကြားပေးကြရန်၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိဘဆရာများ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး အသိပညာ၊ အတတ်ပညာပြည့်ဝသည့်၊ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံအတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် (၆) ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် (၆)ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းနှင့် မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3290 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download