ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ရှိ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး


Ministry of Information/ Naypyitaw / October 19, 2025
image_latest


 နေပြည်တော် အောက်တိုဘာ  ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည့် ပုသိမ်မြို့သို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ရင်းနှီးနွေး ထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများအား မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်မြို့ရှိဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတက် ရောက်ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းဆောင်ရွက်လျက်ရှိမှု၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အသားတင်၊ သီထပ်၊ သီးညှပ်စိုက်ပျိုးနိုင်မှုအခြေအနေများ၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးဆောင်ရွက်ထားရှိမှု၊ ဆီဖူလုံမှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ဆောင်ရွက်လျက်ရှိမှု၊ ရေထွက်ကုန် ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ တိုးတက်စေရေးစပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ပေးနိုင်မှု၊ ခရီးသွားများဝင်ရောက်လျက်ရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ပုသိမ်-ရန်ကုန် လမ်းပိုင်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှု၊ ပုသိမ်-ငွေဆောင်သွား ကားလမ်းပေါ်ရှိ သလပ်ခွာတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ အဆင့်မီဘက်စုံသုံး အားကစားကွင်းတည်ဆောက်ပေးစေလိုမှု၊ နိုင်ငံတော်၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမှု၊ ပီလောပီနံများစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုမှု၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများအား နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့က လမ်းပန်းဆက်သွယ်မှုများ မြန်ဆန်ချောမွေ့မှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးလျာထား ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ချေးငွေများရရှိရေး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ စိုက်ပျိုးမြေများတိုးချဲ့ရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှ အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် အခြားကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက် ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထွက်နှုန်းများ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုသကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပမာအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Quality များ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သဖြင့်အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

အဓိကအားဖြင့်  လုပ်သမျှအကျိုးခံစားနိုင်ရန် အထွက်နှုန်းများကာင်းမွန် အောင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်အနေဖြင့် မိုးစပါးတင်း ၁၀၀ နွေစပါး တင်း ၁၁၀ ထားရှိကြောင်း၊ စိုက်ပျိုးဧကများ မှန်ကန်ရန်နှင့် အထွက်နှုန်းများတိုးတက်မှု ရှိရန်လိုကြောင်း၊ ဒေသအားလုံးသို့သွား ရောက်နိုင်ခြင်းမရှိသော်လည်း အချို့ဒေသများတွင် ကွင်းဆင်းကောက်ယူနိုင်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကောက်ယူသွားရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုစနစ်တကျ အသုံးချရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ လယ်စိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါရေနက်ကွင်းများအား မြေပြုပြင်သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနက်ကွင်းများကို စနစ်တကျ အသုံးချဆောင်ရွက်မည်ဆိုပါက သား၊ ငါးထုတ်လုပ်မှုကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ထိပ်ဆုံးတွင်ရှိနေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးဖြင့်စနစ်တကျ စိုက်ပျိုးကြရန်လိုကြောင်း၊ လယ်မြေများအား ဧကကွက် များအဖြစ် ဖော်ထုတ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေများအား မြေပြုပြင်၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊

မွေးမြူရေးနှင့်ပတ်သက်၍ မြို့တွင်ရှိပြီးဖြစ်သည့် ဒေသတွင်းစားရေး အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကောင်းမွန်လာ မည်ဆိုပါက ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတိုး တက်လာမည်ဆိုပါက ပြည်ပပို့ကုန်များတိုးတ်ကလာပြီး နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားငွေများ ရရှိလာမည်ဆိုပါက နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်လုပ်ရန်လိုကြောင်း၊ အထွက်နှုန်းများ ရာနှုန်းပြည့် ထုတ်လုပ်ပြီး ပို့ကုန်ပစ္စည်းများ ထုတ်လုပ်၍ နိုင်ငံခြားငွေများရရှိအောင် ဆောင်ရွက်သွားရန် လိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွေးသည် အမှန်ကတယ်ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများသုံးစွဲရလျက်ရှိကြောင်း၊ ဆီဖူလုံရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့နေရာ များ၌ နေကြာစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့်နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပဲပုပ်၊ နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများကို စိုက်ပျိုး နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း တိရစ္ဆာန် အစားအစာများထွက်ရှိကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား များကို ပိုမို တိုးချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။ ပညာရေးကဏ္ဍနှင်ပတ်သက်ပြီး တန်းစဉ်ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးအတွင်းပညာရည်မြင့်မားစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ အထတန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍ သင်ကြားခြင်းနှင့် သင်ယူမှုများ တိုးတက်စေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရေး မိမိအနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အားစကားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသကဲ့သို့ အဆင်မီရေကူးကန်များကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပချိန်တွင်လည်း ပွဲကြည့်ပရိသတ်များ ရှိရန်လိုကြောင်း၊ အားကစားနှင့်ပတ်သက်၍ နည်းပြများပြည့်စုံစွာရှိရန်လိုကြောင်း၊ အားကစားတိုးတက်ရေးအတွက် ကြံ့ခိုင်ရေးနည်းပြနှင့် နည်းစနစ်နည်းပြများ ထားရှိရန်လိုကြောင်း၊ အားကစားကဏ္ဍတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့အထိ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှု၊ သလပ်ခွာတံတား အဆင့်မြှင့်တင်ပေးစေလိုမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

မြေယာနှင့်ပတ်သက်၍ မြေလွတ်မြေရိုင်းများအား အမှန်တကယ်စိုက်ပျိုးသွားမည်ဆိုပါက ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကိုလည်း အခြားနည်းများဖြင့် သုံးစွဲခြင်းများမရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေကိုအကျိုးရှိစွာဖြင့်အသုံးချရန်လိုပြီး ပုသိမ်မြို့အပါအဝင် ပြည်နှင့်တိုင်းမြို့ကြီးများ၌ အဆင့်မီအဆောက်အဦများ ဆောက်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ရ မည်ဖြစ်ကြောင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက စနစ်တကျဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် သစ်ပင်သစ်တောများ ရှင်သန်းဖြစ် ထွန်းစေရေးအတွက်လည်းထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဝါးများပေါများစွာ ထွက်ရှိကြောင်း၊ ဝါးများကိုအသုံးပြု၍ ပျော့ဖက်များနှင့် စက္ကူများ ထုတ်လုပ်နိုင်သကဲ့သို့ လူသုံးကုန်ပစ္စည်းများ လည်းထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါးအခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွား ကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဲမသမာမှုပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရော နစ်မဲပေးစနစ်(MEVM)များဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့် ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်များရှိသူများ ဖြစ်ရန်လိုပြီးအမှန်တကယ်တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေး အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ အားစိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာ သိပ္ပံ(ပုသိမ်)တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်မျာလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)တည်ဆောက်ပြီးစီးနေမှုနှင့် ရေကူးကန်အတွင်း အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းသား၊ သင်တန်း သူများရေကူး လေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်လေဆိပ်သို့ရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပုသိမ်လေဆိပ်အဆင့်မြှင့် တင်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ က ပုသိမ်လေယာဉ်ကွင်းအား ခရီးသွား ကဏ္ဍမြှင့်တင်နိုင်ရေး အတွက်အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Newspaper - 3323 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download