ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိလာသော ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ယနေ့နံနက်ပိုင်းတွင် သမ္မတအိမ်တော် ဆင်ဖြူတော်ဆောင်ဧည့်ခန်းမ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် နိုင်ငံတော်သမ္မတအိမ်တော်သို့ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့၏ ဦးဆောင်ကြိုဆိုမှုဖြင့် ရောက်ရှိလာရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူကြသည်။ ထိုသို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၂၁ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံအဖွဲ့ဝင်များနှင့် အပြန်အလှန်မိတ်ဆက်ပေးကြသည်။
၎င်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ သီးခြားတွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဆွေတော် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုကို ပြသသည့်ခရီးစဉ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု ၂၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ဘယ်လာရုစ်နိုင်ငံမှနိုင်ငံတော်အကြီးအကဲအနေဖြင့် လာရောက်သည့် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းအားဖြင့် သံတမန်ဆက်ဆံမှုနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး BRICS အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပေးစေလိုကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ ယခုခရီးစဉ်တွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာ၌ မိမိဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံမှ ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ကြိုဆို မှုများနှင့်ပြင်ဆင်ထားရှိမှုများကို မြင်တွေ့ရသည့်အချိန်၌လည်း အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုသည် တိုးတက်ကောင်းမွန်လျက်ရှိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် စက်မှုနိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီနည်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဘက်နည်းပညာဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် စီးပွားရေးဖိုရမ်များကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် လိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာများ၊ အဖွဲ့အစည်းများအကြားတွင် အမြဲတမ်းထောက်ခံရပ်တည်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်မှန်သမျှကို ကြိုဆိုလျက်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာစသည့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိမှု၊ ယခုအခါ မြန်မာ-ထိုင်းနယ်စပ်တွင်ရှိနေသည့် Online လောင်းကစားမှုများသည် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်ဖြစ်သဖြင့် သတိထားဆောင်ရွက်လျက်ရှိမှု၊ ၎င်းလုပ်ငန်းသည် ကိုဗစ်-၁၉ ကာလနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှ စတင်ကျယ်ပြန့်လာမှု၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လာချိန်၌ နယ်စပ်ဒေသများတွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုလျော့နည်းလာသည်ကို အခွင့်ကောင်းယူပြီး တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ အွန်လိုင်းလောင်းကစားမှုကို အခြေချခဲ့မှု၊ အွန်လိုင်းလောင်းကစားမှုပြုလုပ်သည့်နေရာများမှ ဖမ်းဆီးရမိသူ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ပြည်ပနိုင်ငံသား ၇၀၀၀၀ နီးပါးခန့်ကို ထိန်းသိမ်း၍ မိခင်နိုင်ငံသို့ပြန်ပို့လျက်ရှိမှု၊ ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၀၀၀ ခန့်ကိုလည်း ပြန်ပို့ရန် ဆောင်ရွက်လျက်ရှိမှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝပြန်လည်အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင်ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိပြီး အမြစ်ပြတ်ချေမှုန်းသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို မကြာမီကာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံမှလည်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3363 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
