ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


Ministry of Information/ Naypyitaw / February 20, 2026
image_latest


ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ် အခါသမယ၌ ချင်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူ အားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စိတ်တူကိုယ်တူ စည်းလုံးညီညွတ်စွာ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြရသောကြောင့် ကမ္ဘာ့အလယ်တွင် ခန့်ညားထည်ဝါသိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပါသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ် တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော် တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ချင်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသော တိုင်းရင်းသားပြည်သူတို့နှင့်အတူ နယ်ချဲ့တို့ကို ရဲဝံ့စွန့်စားစွာ ခုခံတော်လှန်ခဲ့ကြပါသည်။

ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) သတိုးမဟာသရေစည်သူ ဦးဝမ္မသူးမောင်၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)သီရိပျံချီ ဦးထပ်လိုင်းတို့သည်လည်းကောင်း၊ လွတ်လပ် ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက် ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဒုတိယဗိုလ်မှူးကြီး လျန်ကျင့်ဇမ်း၊ ဗိုလ်ကြီးသူရ၊ အောင်ဆန်းသူရိယ တိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင် ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများက နိုင်ငံတော်အတွက် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ ပါသည်။

ထိုသို့ နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့်တပ်မတော်အတွက် ထာဝရဂုဏ်ယူ လေးစားနေရသည့် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများစွာ သမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်ခဲ့ကြသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများအတွက် ဂုဏ်ယူလေးစားဖွယ် ဂုဏ်ဒြပ်များပင် ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုးသားနေ့”အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြပြီး အခမ်းအနားများနှစ်စဉ်ဂုဏ်ယူစွာ ကျင်းပခဲ့သည်မှာ (၇၈)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည် လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီး လျက်ရှိကြသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။

ယခု ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကိုအမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်း ဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။

လက်နက်ကိုင်အကြမ်းဖက်မှုများ၏ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပါ သည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ် စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ ပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် စီးပွားရေးဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ပစ္စည်းများကိုအခြေခံ၍ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြင့် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ကြပြီး ဒေသတွင်းစားသုံးမှု ဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအထိပါ ကြိုးစားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်မှ ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

နိုင်ငံတော်မှ ရည်မှန်းတည်ဆောက်နေသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ အားလုံးကျန်းမာကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံကြရန် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ KG+9 ပြီးမြောက် အောင်မြင်သူများ အသက်မွေးဝမ်းကျောင်းမှုပညာများ သင်ယူနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။

အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို ဒေသအလိုက် လက်လှမ်းတမီသင်ယူနိုင်ရေး ကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီ ကျောင်းထွက်မှုမရှိစေရေး၊ ပညာရေးကို ဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် သင်ကြားသင်ယူ မွေးထုတ်ပေးနိုင်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။ လူသား အားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း အဓိကကျသဖြင့် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လူတိုင်းအသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရပါသည်။ ထိုသို့ စတင်တာဝန်ယူချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

အမျိုးသားကာကွယ်​ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့် ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အပြည့်အဝအကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် သမိုင်းစဉ်ဆက် ရှိရင်းစွဲဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ ချင်းပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်

Newspaper - 3447 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download