ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / March 30, 2026
image_latest


နေပြည်တော် မတ် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့သည် ရှေ့ဆောင်အရာရှိနှစ်ဦး ဦးဆောင်၍ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့သည် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူသည်။

ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၇ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းက ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် တပ်မတော်သည် မျိုးဆက်သစ်ငယ်ရွယ်နုပျိုလန်းဆန်းသည့် တပ်မတော်ဖြစ်စေရေးအတွက် လွတ်လပ်ရေးမရမီအချိန်၊ လွတ်လပ်ရေးရရှိပြီးအချိန်မှ ယခုအချိန်အထိ အဆင့်ဆင့်သော ခေါင်းဆောင်များက လေ့ကျင့်သင်ကြားပေးပြီး တာဝန်များကို အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း၊ တပ်မတော်တွင် မည်သူတာဝန်ထမ်းဆောင်သည်ဖြစ်စေ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်သည့် စွမ်းရည်ပြည့်ဝပြည်စုံသည့် တပ်မတော်သားများစွာရှိကြောင်း၊ တပ်မတော်သားများသည် တပ်မတော်မှ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ စစ်မြေပြင်အတွေ့အကြုံများ၊ ဦးစီးအရာရှိတာဝန်ထမ်းဆောင်သည့်အတွေ့အကြုံများ၊ နည်းပြများနှင့် အဆင့်ဆင့်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုများ၊ မျှဝေခံစားမှုများနှင့် လမ်းညွှန်မှုများကြောင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်သားများဖြစ်လာကြကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လက်အောက်ရှိ အဆင့်ဆင့်သော အရာရှိများကိုလည်း အကြီးအကဲများက လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသော ဆောင်ပုဒ်နှင့်အညီ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ တပ်မတော်တွင် တာဝန်တစ်ခုလွှဲပြောင်းခြင်းသည် သာမန်လွှဲပြောင်းခြင်းမဟုတ်ဘဲ ယုံကြည်မှု၊ စိတ်ချမှု၊ သင့်တော်သူများကို ကြိုတင်လေ့ကျင့်ပေးမှုတို့ဖြင့် တာဝန်များကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်ကို ပြောကြားလိုကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်တွင် ငယ်ရွယ်နုပျိုသည့် ခေါင်းဆောင်များသည် အတွေ့အကြုံနှင့်ယှဉ်၍ ခေါင်းဆောင်မှသာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်များနှင့် တက်ရောက်လာသည့် နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ နိုင်ငံ့အရေးကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငယ်ရွယ်နုပျိုသည့် မျိုးဆက်သစ်များအား အဆင့်ဆင့်သော တာဝန်များကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်စဉ်ကာလအတွင်းတွင် လမ်းညွှန်ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဂါဝရပြု၊ အလေးအမြတ်ပြုပါကြောင်း၊ ထို့ပြင် ၁၅ နှစ်တာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ထမ်းဆောင်မှုများအပေါ်တွင် နားလည်မှု၊ ခွင့်လွှတ်မှု၊ စာနာမှုတို့ဖြင့် ဦးစီးဦးဆောင်မှုပြုခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားလည်း ကျေးဇူးတင်၊ လေးစား၊ ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ အဆင့်ဆင့်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ သွန်သင်ဆုံးမ၊ ဩဝါဒပေးမှုများကြောင့်လည်း တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အမှားအယွင်းအနည်းဆုံးဖြင့် တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဆင်ရေးအောင်မြင်ရေးနှင့် အထိအခိုက်အကျအဆုံးအနည်းဆုံးဖြင့် အောင်မြင်ရေးစသည်တို့ကို ရည်မှန်း၍ အတွေ့အကြုံနှင့် သွန်သင်ဆုံးမမှုများ၊ သင်ကြားပေးခဲ့သည့် စစ်ပညာများကို အသုံးချ၍ မှန်ကန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အောင်မြင်မှု၊ ဆုံးရှုံးမှုများ ရှိနိုင်သော်လည်း အဓိကအရေးကြီးသည်မှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တိုးတက်ကောင်းမွန်သည့် တပ်မတော်၊ ပြည်သူက အားကိုးရသည့် တပ်မတော်ဖြစ်စေရန် ရည်မှန်းချက်များကို အကြီးအကဲများက ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သည်းခံမှု၊ စာနာမှုတို့ဖြင့် ပေါင်းစပ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ပင် တာဝန်ယူမှု၊ လေးစားမှု၊ ချစ်ကြည်မှု၊ နားလည်မှု၊ စာနာမှုတို့ဖြင့် ပေါင်းစပ်၍ ဆောင်ရွက်သွားပါက မိမိတို့တပ်မတော်သည် အစဉ်နုပျိုနေသည့် တပ်မတော်၊ နိုင်ငံတကာက လေးစားအားကျရသည့်တပ်မတော်၊ နိုင်ငံသားများ၏ ယုံကြည်၊ အားကိုး၊ လေးစား၊ ယုံကြည်စိတ်ချ၊ ချစ်ခင်မြတ်နိုးသည့် တပ်မတော်အဖြစ် အစဉ်အမြဲဖြစ်နေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း တပ်မတော်သာအမိ၊ တပ်မတော်သာ အဖဖြစ်သည့်အတွက် နောင်တွင်လည်း တပ်မတော်က လိုအပ်လာသည့် မည်သည့်အချိန်တွင်ဖြစ်စေ အမြဲတမ်းအဆင်သင့်၊ အမြဲတမ်းအသင့်ဖြစ်နေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းအား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ပူးတွဲခန့်အပ်ကြောင်း ခန့်အပ်လွှာကို ဖတ်ကြားတင်ပြသည်။

ထို့နောက် လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်းထံသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံထမ်းဆောင်သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြုပြန်လည်ပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် တာဝန်လက်ခံထမ်းဆောင်သူ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့သည် ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြုချီတက် အလေးပြု၍ ပြန်လည်ထွက်ခွာသည်။

ယင်းနောက် မြန်မာ့တပ်မတော်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအားလွှဲပြောင်းပေးအပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်းနှင့် ဇနီး ဒေါက်တာနန်းကူးကူတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၎င်းနောက် မြန်မာ့တပ်မတော်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရုံးဌာနအသီးသီးမှ ပေးအပ်သည့် ဂါရဝပြုအမှတ်တရလက်ဆောင်ပစ္စည်းများကို ကြည့်ရှုကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များကို လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာရာ နိုင်ငံတော်ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုဖြင့် နှုတ်ဆက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3486 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download