ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ် နိုင်ငံနှင့်ဒေသအကျိုး လက်တွဲဆောင်ရွက်
ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ် နိုင်ငံနှင့်ဒေသအကျိုး လက်တွဲဆောင်ရွက်
Ministry of Information/ Naypyitaw / July 06, 2025

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုပြဿနာနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေဆိုးကို ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံ့တာဝန်ကို ယူလိုက်ရသည့်အချိန်တွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံသွားသည့် နိုင်ငံရေးသမားအချို့က CRPH နှင့် NUG အဖွဲ့တို့ကိုဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ၎င်းအုပ်စုသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့များဖြစ်သည်။ အဆိုပါအကြမ်းဖက်အုပ်စုသည် ဖြစ်ပေါ်လာသည့် အခြေအနေတွင် ၎င်းတို့အကျိုးအတွက် အသုံးချနေသည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။
အဆိုပါအုပ်စုသည် အကြမ်းဖက်အုပ်စုများဖြစ်သည့်အပြင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လတ်တလောထွက်ပေါ်လာသည့် အချက်အလက်များအရ ၎င်းတို့ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြု လက်ခံထားခြင်းမရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG အဖွဲ့တို့က ၎င်းတို့၏မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့မှုများကို ဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူ ဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံအစိုးရ ဖြစ်သယောင် လိမ်ညာပုံဖော်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့အပြင် CRPH နှင့် NUG တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲတွင် မူလကတည်းက နိုင်ငံရေးမှိုင်းမိခဲ့ကြသောကြောင့်ဖြစ်စေ၊ စိတ်ခံစားမှုကြောင့်ဖြစ်စေ လမ်းမှားရောက်ခဲ့ကြသော လူငယ်များအား ပြည်ပအထောက်အပံ့များဖြင့် အကြမ်းဖက်သမားများဖြစ်အောင် သွေးထိုးမြှောက်ပင့်အားပေးပြီး “ပွဲလန့်တုန်းဖျာခင်း” သည့်အုပ်စုများဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရသည့် တပ်မတော်ကို ဒီမိုကရေစီနောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်မှုကို လက်ခံယုံကြည်၍ဖြစ်စေ၊ မိမိတို့ယုံကြည်ချက်၊ ခံယူချက်မှန်ကန်သည်ဟု ယူဆ၍ဖြစ်စေ PDF အမည်ခံအပါအဝင် လက်နက်ကိုင်အုပ်စုများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများ၏ မျှော်မှန်းချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။ ထို့အပြင် မိမိတို့ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံ အပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်သည်ဟု ယုံကြည်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ကာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတော်ပင်ခရီးရောက်နေပြီဖြစ်သည်။
နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မျှော်မှန်းချက်တူညီပြီး ရွေးကောက်ပွဲ လမ်းကြောင်းသို့ဝင်ရောက်မည့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းရန်တံခါးဝ ကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီးပင်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲနေမည်ဆိုပါက နိုင်ငံအတွက်လည်း အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားသကဲ့သို့သာ ဖြစ်နေမည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းပျောက်သွားမည်ကို သတိပြုရန်လိုပြီး မိမိတို့ယုံကြည်ချက်၊ ခံယူချက် မပျောက်ပျက်အောင် ဆက်လျှောက်သွားရန်လိုသည်။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးပြီး လွှတ်တော်နှင့်အစိုးရများ ပေါ်ပေါက်လာလျှင် ရွေးကောက်ခံအစိုးရဟူသည့် ပုံဖော်ဖန်တီးရပ်တည်ထားမှု ပျောက်သွားမည်ကို CRPH နှင့် NUG တို့ စိုးရိမ်နေသည်မှာ အမှန်ဖြစ်သည်။ CRPH နှင့် NUG တို့သည် PDF အပါအဝင် လက်နက်ကိုင်အုပ်စုများကို အသုံးချနေခြင်းဖြစ်သည်။ မိမိတို့ မျှော်မှန်းချက်နှင့်ဆန့်ကျင်နေပါက မှန်ကန်သောလမ်းကြောင်းကိုပြောင်း၍ လျှောက်လှမ်းသင့်သည်။ သို့ဖြစ်ရာ PDF အမည်ခံအပါအဝင် လက်နက်ကိုင် အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3215 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download