ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်တက္ကသိုလ် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / November 23, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ၊ ရန်ကုန်တက္ကသိုလ် ဝန်ထမ်းများက ရန်ကုန်တက္ကသိုလ်အတွင်း သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပဲခူးမြို့အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့တိုင်းဒေသကြီးရှိ Grade-12 ကျောင်းသား ကျောင်းသူများ၏ အောင်ချက်အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားစေရန် ဆောင်ရွက် ပေးလျက်ရှိရာ တက္ကသိုလ်ဆရာဆရာမများက ဖြေဆိုပုံ၊ ဖြေဆိုနည်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ Myanmar Education Channel တွင်လည်း ထုတ်လွှင့်ပေးမည်ဖြစ်ပြီး ထုတ်လွှင့်သည့် သင်ခန်းစာများကို ဆရာ ဆရာမများကိုယ်တိုင် ကြည့်ရှု‌လေ့လာရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များက ထုတ်ဝေသည့် ဘာသာရပ်ဆိုင်ရာ ဂျာနယ်များတွင်လည်း ဖြေဆိုပုံဖြေဆိုနည်းများပါရှိသည့်အတွက် Grade-12 အောင်ချက် မြင့်မားရေး အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး ဆရာဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ် သည့်အတွက်သစ္စာရှိစွာ တာဝန်ထမ်းဆောင်ကြစေ လိုကြောင်း၊ Grade -12 အောင်ချက်မြင့်မားရေးသည် အရေးကြီးသည့်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား၍ ဆရာဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များနှင့်တွေ့ဆုံပြီး Grade-12 အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းများ ဆောင်ရွက်ရေး၊ တက္ကသိုလ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် အားကစားနည်းများကို မြှင့်တင်ပေးရေး ဆောင်ရွက်ကြရန်မှာကြားပြီး တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ တက္ကသိုလ်ခန်းမ၊ အနုပညာအသင်းများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံပြီး ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေး၊ သင်ကြားရေးပိုင်းတွင် အရည် အသွေးပြည့်မီရေး၊ Grade-12 မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး၊ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်စီစဉ်မှုများ ဆောင်ရွက်ရန်မှာကြားကာ တက္ကသိုလ်အတွင်းရှိ ဒီပါအေးမြကန်၊ ဇေယျသိဒ္ဓိ အားကစားကွင်းနှင့် တက္ကသိုလ်စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3358 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download