ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ တက်ရောက်
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ တက်ရောက်
Ministry of Information/ Naypyitaw / May 08, 2026
နေပြည်တော် မေ ၇
၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ညောင်ရွှေမြို့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လူရည်ချွန်စခန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂ဝ၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယပိုင်း အခမ်းအနားကို HUPIN ဟိုတယ်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့ဆိုသည့်ဆောင်ပုဒ်နှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးဝန်ကြီးဌာနက ပံ့ပိုးပေးမည်ဖြစ်ရာ လူရည်ချွန်မောင်မယ်များကလည်း နိုင်ငံတော်၏ပံ့ပိုးမှုနှင့်အတူ ထူးချွန်ပြောင်မြောက်သော ကျွမ်းကျင်ပညာရှင်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများ ကျေပွန်စွာထမ်းဆောင်ပြီး ပညာနှင့် နိုင်ငံတော်၏ ပုံရိပ်ကိုဖန်တီးကာ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လူရည်ချွန်မောင်မယ်များကို ရင်ထိုးတံဆိပ်များပေးအပ်သည်။
ထို့နောက် တောင်ကြီးဒေသရှိ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများက လူရည်ချွန်မောင်မယ် ၁၃၂ ဦးအတွက် တစ်ဦးလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် ၂၆၄ သိန်းကို ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက လူရည်ချွန်မောင်မယ်များအားလုံး ၏ကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်းလေးခေါင်တိုင်လူရည်ချွန်စခန်း၌ လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
ဆက်လက်၍ ညောင်ရွှေမြို့နယ် ကေလာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိကာ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်
Newspaper - 3519 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
