ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေးကျင်းပ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / September 12, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်ဈေးနှုန်းနှင့် စပ်လျဉ်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြည်သူများ လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရန် ဆန်ဈေးကွက်ဈေးနှုန်းကို လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဆန်စက်များ ပုံမှန်လည်ပတ်ရေး၊ ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။

စားသုံးဆီနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားအုန်းဆီခွဲတမ်းတိုးမြှင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာရောင်းချစေရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

ပူးပေါင်းဆောင်ရွက်

ဆေးနှင့် ဆေးပစ္စည်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။

စက်သုံးဆီနှင့်စပ်လျဉ်း၍ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စက်သုံးဆီဝယ်ယူရန် လိုအပ်သောနိုင်ငံခြားငွေရရှိရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအချို့တွင် စပါးခင်းများ ရေကြီးနစ်မြုပ်မှုများကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိသည့် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စုစုပေါင်းလျော်ကြေးငွေအနေဖြင့် ၁၂ ဒသမ ၂၆၅ ဘီလီယံခန့် ပေးလျော်သွားမည်ဖြစ်ကြောင်း၊ လယ်သမားများအနေဖြင့် ဆုံးရှုံးမှုမရှိစေရန် ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံထားရှိရေး၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အာမခံလျော်ကြေးပေးအပ်မှုအခြေအနေများကိုလည်း ပြည်သူများ သိရှိရေးအသိပညာပေးမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးအထွက်နှုန်းမကျဆင်းစေရန် ပြန်လည်စိုက်ပျိုးနိုင်မည့် မျိုးစပါး၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိ သူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ဆွေးနွေးတင်ပြ

ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီစသည့် အရေးကြီးကုန်စည်များ ပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲ၊ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပေးရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အဓိကကုန်စည်ဈေးနှုန်းများအပေါ် သုံးသပ်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု၊ စားသုံးမှုနှင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရေးဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3480 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download