ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
Ministry of Home Affairs/ Naypyitaw / September 13, 2025
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] သို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ပါသည်။
(၁၉)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ DoubleTree by Hilton ဟိုတယ်၌ စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ AMMTC ခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn (ဒေါက်တာ ကာအို ကင် ဟွန်) က အမှာစကားပြောကြားခြင်း၊ အိမ်ရှင် မလေးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Datuk Seri Saifuddin Nasution Bin Ismail (မစ္စတာ ဒါတွတ် ဆရီ ဆိုင်ဖူဒင် နဆူးရှင်း ဘင် အစ္စမေးလ်) က အဖွင့်အမှာစကားပြောကြားခြင်း၊ အထူး ဧည့်သည်တော် မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Anwar Bin Ibrahim (မစ္စတာ အန်ဝါ ဘင် အီဘရာဟင်) က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်းတို့ကို ပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်နှင့်အတူ AMMTC ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။
စက်တင်ဘာ ၉ ရက်တွင် (၁၉)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများအတွက် အဆင့်မြင့်အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများကိုလည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် (၁၉)ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂)ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀)ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆)ကြိမ်မြောက် AMMTC + ROK အစည်းအဝေးတို့ကိုလည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့ပါသည်။
(၁၉)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသ အဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပြီး နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၅၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တည်ထောင်ရေး သဘောတရားစာတမ်း၊ အာဆီယံ နယ်စပ် ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာ မလက္ကာကြေညာချက်၊ အရှေ့တောင်အာရှဒေသအတွင်း လူမှောင်ခိုမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်၊ ဆိုက်ဘာမှုခင်းနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကြေညာချက်နှင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ကျင်းပမည့် (၄၇)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်၊ ပြစ်မှုဆိုင်ရာတရားခံပြေးများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များကြေညာချက်နှင့် အစွန်းရောက် အကြမ်းဖက်မှု ကြိုတင်တားဆီးကာကွယ်ရေးအတွက် အားကစားပွဲများပြုလုပ်ပေးရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်တို့ကို အတည်ပြုခဲ့ကြပြီး (၂၀)ကြိမ်မြောက် AMMTC နှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Newspaper - 3285 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download