ပြည်သူများ လူမှုစီးပွားအဆင်ပြေရေး နိုင်ငံတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / January 13, 2025
image_latest


ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်ကို မြင်တွေ့နိုင်သည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် နိုင်ငံ၏အရင်းအမြစ်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့များကို အဓိကအားပြုလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးရာ၌ အထောက်အပံ့ဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အားထုတ်ယူအသုံးပြုနိုင်ရေး အားပေးမြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်ယူအသုံးပြုရာတွင် အချို့ဒေသများ၌ မိုးရွာရက်နည်းသဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားစီမံကိန်းများရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကလည်း နေရောင်ခြည်ဆိုလာစွမ်းအင် အသေးစား၊ အလတ်စား၊ အကြီးစားများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေမှုများနှင့်ပတ်သက်၍ လက်ရှိတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုတို့ကြောင့် ပြည်သူများအနေဖြင့် အခက်အခဲများရှိနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် “နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူများ လူမှုဘဝအဆင်ပြေစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်၊ အသေးစား၊ အလတ်စားမီးစက်များနှင့် ဆိုလာစနစ်များကို အသုံးပြုနေကြသည်။ ယခုအခါ မီးစက်သုံးစက်မောင်းဆီအမျိုး အစားတစ်မျိုးကို စွမ်းအင်ဝန်ကြီးဌာနက သက်သာသောနှုန်းထားဖြင့် အချို့ဒေသများတွင် ရောင်းချပေးလျက်ရှိပြီး ဆက်လက်တိုးချဲ့၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။ ဆိုလာစနစ်နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် တစ်ဦးချင်းသီးသန့်တပ်ဆင်ဆောင်ရွက်မှုများနှင့် နိုင်ငံတော်အစိုးရ၏ သီးခြားစီမံကိန်းများအဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အကျိုးဖြစ်ထွန်းမှုများရရှိလာခဲ့သလို အရင်းအနှီးတန်ဖိုးကြီးမားသဖြင့် ငွေကြေးလိုအပ်ချက်များရှိနေသည်။ ဆိုလာစနစ်ဆိုသည်မှာ လွယ်ကူရိုးရှင်းသော လျှပ်စစ်ပိုင်းဆိုင်ရာ နည်းပညာများကို အသုံးပြုပြီး ဆိုလာ၊ ဘက်ထရီနှင့်အခြားဆက်စပ်ပစ္စည်းများ ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းစနစ်ကို တစ်ကြိမ်ဖွဲ့စည်းတည်ဆောက်ထားပြီးနောက် စနစ်တကျထိန်းသိမ်းကိုင်တွယ်လျှင် နောက်ထပ်အပိုကုန်ကျစရိတ်များ နည်းပါးသည်။ နေစွမ်းအင်သည် သဘာဝအရင်းအမြစ်များကိုအသုံးပြု၍ အဆက်မပြတ်ရရှိနေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်ဖြစ်သည်။ သို့သော် ကနဦးဖွဲ့စည်း တည်ဆောက်မှုအတွက် အရင်းအနှီးတန်ဖိုးကြီးမားသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ်ရရှိမှုနှင့် အရင်းအနှီးလိုအပ်သူများအနေဖြင့် ဆိုလာလျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုကို မျှော်လင့်နေကြသည်။

မျက်မှောက်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်၏ ပင်မဓာတ်အားပေးစနစ်များတွင် ချို့ယွင်းချက်နှင့် လိုအပ်ချက်များရှိနေသဖြင့် ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြည့်ဆည်းနိုင်ရေး၌ အခက်အခဲများရှိနေသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ ကြုံတွေ့နေသောအခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော်အဆင့်ကော်မတီများဖွဲ့စည်း၍ စဉ်ဆက်မပြတ် ကြိုးပမ်းစီမံဆောင်ရွက်နေသည်။ ဒေသတွင်းနိုင်ငံအချို့တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်သုံးဆိုလာစနစ်များနှင့် လေအားလျှပ်စစ်စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ပြီး နိုင်ငံတော်၏ ပင်မဓာတ်အားစနစ်သို့ ပံ့ပိုးဖြည့်ဆည်းကာ ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည်။

သို့ဖြစ်ရာ ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတွင် အလျှံအပယ်ပေါများ ကြွယ်ဝသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို နိုင်ငံတော်၏ ကူညီပံ့ပိုးမှုများနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာအောင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းလက်တွဲပြီး အောင်မြင်ဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3067 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download