ပြည်သူလူထုကောင်းကျိုးများရှေးရှု ရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်း
ပြည်သူလူထုကောင်းကျိုးများရှေးရှု ရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်း
Ministry of Information/ Naypyitaw / December 05, 2025
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ရာ “တပ်မတော်အနေနဲ့လည်း ယနေ့အချိန်အထိ မယိမ်းမယိုင်ရပ်တည်နိုင်ခြင်းဟာ ခေတ်အဆက်ဆက် တပ်မတော်သားတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒို့တပ်မတော်ရဲ့အစဉ်အလာကောင်းတွေကို လက်ဆင့်ကမ်းထိန်းသိမ်းကြရမယ့် ရဲဘော်တို့ဟာ စည်းကမ်းအရာမှာ စံနမူနာပြလိုက်နာကြဖို့လိုတယ်”ဟု ပြောကြားခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပြည်သူထဲမှ မွေးဖွားလာသော တပ်မတော်သားများဖြင့် ဖွဲ့စည်းထူထောင်ထားသော တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သော်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အသက်ပေးကာကွယ်စောင့်ရှောက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆိုးရွားစွာပြုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ထိုသို့ထမ်းဆောင်ချိန်တွင် အကြမ်းဖက် NUG, CRPH အဖွဲ့များက တပ်မတော်အနေဖြင့် ဒီမိုကရေစီကို နောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များအား လွဲမှားသည့်မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်ဆီသို့တွန်းပို့ပေးခဲ့ကြသည်။ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများကို စိတ်မကောင်းဖွယ် ကြုံတွေ့ခဲ့ရသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းခြင်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ မည်သည့်ရလဒ်မျှမထွက်သည်ကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်ကိုအမှန်အတိုင်းရှုမြင်ကြဖို့ လိုအပ်ချိန်ရောက်နေသည်ကို သတိပြုကြဖို့လိုမည်ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာရန် နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်လျက်ရှိသည်။ တစ်ဖက်တွင် နိုင်ငံရေးဖြစ်စဉ်အကြောင်းတရားများကို လက်ညှိုးထိုးပြီး NCA တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ရှိထားပြီးသား ကတိကဝတ်များကိုချိုးဖောက်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှုများ ပြုလုပ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များအပေါ်အခြေခံပြီး တပ်မတော်အနေဖြင့် မူဝါဒ(၆)ချက်ကို ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာမှရရှိနိုင်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောဆိုပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ကောင်းကျိုးများကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ကာကွယ်ရေး ရည်မှန်းချက်တာဝန်များတွင် “နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတွင် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံ၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီကာကွယ်ရေးစနစ် ကြိုးပမ်းဖော်ဆောင်ရန်” ဖော်ပြပါရှိသည်။ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေနှင့် ဖြစ်ပျက်နေသည့် နိုင်ငံတကာအခြေအနေများအပေါ်မူတည်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် အင်အားစုများနှင့် တည်ဆောက်နိုင်မှသာ ခိုင်မာမှုရှိမည်ဖြစ်သည်။
မကြာမီကာလတွင် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က ရွေးကောက်ပွဲအဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသည်ကို သတိပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူလူထု၏ ကောင်းကျိုးများကိုရှေးရှု၍ ပြည်သူလူထုဆန္ဒဖြစ်သည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အဖျက်အမှောင့်သမားများကို တပ်မတော်နှင့်အတူ လက်တွဲတိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3370 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
