ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ်ရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / April 20, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။ ဦးစွာ “နိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ်” Video Clip ဖွင့်လှစ်ပြသမှုအား အတူတကွ ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါသည် နိုင်ငံကိုတည်ငြိမ်အေးချမ်းမှုနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည့်အချိန်ဖြစ်ပါကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအသစ်နှင့်အတူ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံသူ/ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်ညီလက်ညီ၊ ဝိုင်းဝန်းလိုက်ပါမှုဖြင့် ကြိုးပမ်းတည်ဆောက်ကြရန် နှိုးဆော်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်​တော်ဒုတိယဥက္ကဋ္ဌက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။

အဆိုပါ တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးမှာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့ရာမှ ယခုအခါ လှူဒါန်းရရှိငွေဖြင့် နှစ်ထပ်သံကူကွန်ကရစ်အဆောက်အအုံ၊ ဓာတ်လှေကားတစ်စင်း အပါအဝင်ဖြင့် တည်ဆောက်ရေးကာလ နှစ်နှစ်သတ်မှတ်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပန္နက်တင်ပြီး စတင်ဆောက်လုပ်နေခြင်းဖြစ်သည်။ မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ငါးနှစ်တာကာလအတွင်း အခက်အခဲများကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဝန်ထမ်းများ သိရှိနားလည်သဘောပေါက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်အတွင်းမှ ဆောင်ရွက်ချက်များကို မီဒီယာကဏ္ဍမှတစ်ဆင့် ပြည်သူများသိရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးအခင်းအကျင်းအသစ်နှင့်အတူ စိတ်သစ်လူသစ်ခွန်အားသစ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် အရောင်အသွေးစုံလင်သည့် ပန်းဥယျာဉ်ကြီးတစ်ခုကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းတာဝန်ထမ်းဆောင်နေသည့် ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့၏ နား၊ မျက်စိသဖွယ် အစိုးရ၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများသိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် မီဒီယာကဏ္ဍမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့က ဝန်ထမ်းများအတွက် ငွေသားကံစမ်းမဲများဖောက်၍ မဲပေါက်သည့်ဝန်ထမ်းများအား လက်ရောက်ပေးအပ်ခဲ့​ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download