ဖက်စပ်လုပ်ငန်းများ၊ အစိုးရနှင့်ပုဂ္ဂလိက နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ စာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / March 11, 2025


ဖက်စပ်လုပ်ငန်းများ၊ အစိုးရနှင့်ပုဂ္ဂလိကနည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်း များ စာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အစိုးရဌာနအဖွဲ့ အစည်းများတွင် ပုဂ္ဂလိကနှင့်ဖက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (Joint Venture)၊ အစိုးရနှင့် ပုဂ္ဂလိကတို့အကြား နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရ္ပက်နေသည့် လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများက စီမံကြီးကြပ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးမှုနှင့်စပ်လျဉ်း၍ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူ (PAPP) များ ခန့်ထားရာတွင်လည်းကောင်း အထောက်အကူဖြစ်စေရန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် နှင့်တာဝန်များကို ပိုမိုရှင်းလင်းလွယ်ကူပြီး လုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက်ရည်ရွယ်၍ ယနေ့ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အကျိုးတူပူးပေါင်းဆောင် ရွက်သည့်လုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်မီစွာဖြင့် စာချုပ်ပါရည်ရွယ်ချက်ကို သတ်မှတ်ကာအတွင်း ထိရောက်စွာဆောင်ရွက်နိုင်စေရန် အရေးကြီးပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင် စာရင်းစစ်ဆေးရေး လုပ်ငန်းဆောင်ရွက်နေသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင် နေသူ (PAPP) များအား စာရင်းစစ်ခန့်အပ်ခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့်တာဝန်ရှိမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းစွာ ဆောင်ရွက်နိုင်စေရန် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံစာပေးပို့ခြင်း၊ အစီရင်ခံစာအပေါ် ကုမ္ပဏီ၊ ဌာနများမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေ ပြန်ကြား ခြင်း၊ Follow up ဆောင်ရွက်ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းမည့်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ ဝန်ဆောင်မှုအရည် အသွေးပိုမိုကောင်မွန်စေရေး၊ အစိုးရ၏ ဘဏ္ဍာငွေကြေးဝန်ထုတ်ဝန်ပိုးကိုလျှော့ချ၍ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာဖြူအေးက ဖက်စပ်ကုမ္ပဏီများ၊ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေစာရင်း၊ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သော စီမံကိန်းစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ စစ်ဆေးရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်မြဇင်က နည်းလမ်း အမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ကြီးကြပ်မှု၊ စီမံခန့်ခွဲ မှုဖြင့်ဆောင်ရွက်သည့် အခြားရန်ပုံငွေစာရင်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းမှုများအပေါ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား၍ ဒုတိယစာရင်းစစ်ချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၁၇)ခုမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူစုစုပေါင်း(၅၉)ဦး၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဌ၊ အလုပ်အမှု ဆောင် အဖွဲ့ဝင်များ၊ ဘုတ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူနှင့် အများပြည်သူ သို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူများက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ တာဝန် ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူနှင့်အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေး သည့် စာရင်းလုပ်ငန်းလုပ်ကိုင်နေသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download