ဗြဟ္မဝိဟာရတရားလက်ကိုင်ထား သာသနာတော်သန့်ရှင်းပြန့်ပွား


Ministry of Information/ Naypyitaw / February 20, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ စတင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးအဖွင့် သာရဏီယ ဩဝါဒကထာမြွက်ကြားရာ၌ သာသနာတော်တစ်ရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စများကိုဆောင်ရွက်ရာတွင် ဘုရားရှင်မြင်တော်မူသော သတ္တဝါတို့ကို ကြာမျိုးသုံးပါးဖြင့် သုံးမျိုးသုံးစား ဥပမာပေး၍ ခွဲခြားဟောကြားတော်မူ ခဲ့သည်။

မြတ်စွာဘုရားရှင်မြင်တော်မူသော ဥပမာသုံးမျိုးကဲ့သို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အနေဖြင့် သာသနာရေးကိစ္စများကို ဆောင်ရွက်ကြရာတွင် ပထမကြာဥပမာနှင့်တူသော ရှင်းလင်းညွှန်ကြား ဆုံးမဩဝါဒပေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်၍မရသောပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ ဒုတိယကြာ ဥပမာနှင့်တူသော အထိုက်အလျောက် ဆုံးမပြုပြင်၍ရသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ တတိယကြာ ဥပမာနှင့်တူသော အရိပ်ပြအကောင်ထင်ဆိုသကဲ့သို့ ဆိုဆုံးမရလွယ်ကူသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ မည်သို့သောပုဂ္ဂိုလ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားလေးပါးကို လက်ကိုင်ထား၍ ဆောင်ရွက်ကြရန် လွန်စွာအရေးကြီးလှကြောင်း သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက မြွက်ကြားတော်မူခဲ့ပါသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးသည့်အချိန်မှစ၍ ရှေးမြန်မာမင်းအဆက်ဆက်မှ ယနေ့ထက်တိုင်အောင် မြတ်စွာဘုရားရှင် အဆုံးအမတရားတော်များနှင့်အညီ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သောနိုင်ငံဖြစ်သည်။ မျက်မှောက်ခေတ်ကာလတွင် အချို့သံဃာတော်များအနေဖြင့် ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးခြင်းမရှိသော အခြေအနေများ၊ ပိဋကတ်တော်နှင့်မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများအပြင် ခေတ်ကာလအရ လူမှုကွန်ရက်များတွင် သမဏသာရုပ္ပမဖြစ်သည့် အပြောအဆို အနေအထိုင် ပြုမူလုပ်ကိုင်မှုများ တွေ့မြင်နေရသည်။ ထိုသို့သောဆောင်ရွက်မှုများကို ကြီးကြပ် ထိန်းသိမ်းတားဆီးကာကွယ်ကြမှသာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွား နေမည်ဖြစ်ပါသည်။

သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်(၇)ချက်တွင် (က) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန်ဖြစ်သည်။ (ခ) သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင် နိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန်ဖြစ်သည်။ (ဂ) ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်(ဂ)ကို ပြဋ္ဌာန်းခဲ့ကြသော အာစရိယာစရိယ ရှေးဆရာတော်ကြီးတို့၏ ဉာဏ်ပညာအမြော်အမြင်နှင့် ငဲ့ညှာစောင့်ရှောက်သော ကရုဏာစွမ်းအားတို့ကို မျက်မှောက်ကာလတွင် သိသာစွာခံစားနေရဆဲဖြစ်သည်။

မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို ကိုယ်စိတ်မညှိုးနွမ်းဘဲ ချမ်းချမ်းသာသာဖြင့် ထွန်းလင်းနေစေရန်အတွက် နှိပ်ကွပ်ဆုံးမထိုက်သူတို့ကို နှိပ်ကွပ်ဆုံးမခြင်း၊ ချီးမြှောက်ထိုက် ချီးမြှောက်သင့်သူတို့အား ချီးမြှောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ရှေးရှေးဆရာတော်ကြီးများက မိန့်ကြားထားသည်များရှိသည်။ ဆရာရှင် သံဃာတော်တို့၏ စိတ်သန္တာန်၌ ဗြဟ္မဝိဟာရတရားများဖြင့် ထိန်းကွပ်ထားခြင်းမရှိဘဲ ဆောင်ရွက်ပါလျှင် လောဘ၊ ဒေါသ၊ ပဋိဃတရားတို့ တိုးပွားလာနိုင်သည်။ နှိပ်ကွပ်ဆုံးမသင့်သူတို့ကို ကရုဏာ၊ မေတ္တာတရားလက်ကိုင်ထား၍ နှိပ်ကွပ်ဆုံးမရန်ဖြစ်ပြီး ချီးမြှင့်သင့်သူတို့ကို မုဒိတာ၊ မေတ္တာတရားများ လက်ကိုင်ထားပြီး ချီးမြှောက်သင့်ကြောင်း၊ အချို့ကိစ္စများတွင် ပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှု၊ မြှောက်ပင့်ချီးမွမ်းမှုတို့နှင့် ကြုံလာလျှင်လည်း ဥပေက္ခာတရားလက်ကိုင်ထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဥက္ကဋ္ဌဆရာတော်ကြီးက လျှောက်ထားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် သံဃာ့အခြေခံစည်းမျဉ်းရည်ရွယ်ချက်ပါအတိုင်း သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက် အောင် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ နောင်အနာဂတ် သာသနာတော်အတွက်လည်း ဘုရားရှင်ဆင်ခြင်တော်မူခဲ့သည့် ကြာမျိုးဥပမာ သုံးပါးနှင့်တူကြသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကြုံလာရလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားလေးပါးလက်ကိုင်ထားပြီး အကြိမ်ကြိမ်အထပ်ထပ် တံတိုင်းခတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3447 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download