ဘားအံနှင့် လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းများသို့ မြေပဲမျိုးနှင့် သွင်းအားစုများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်


Ministry of Information/ Naypyitaw / February 01, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့်အတူ ကရင်ပြည်နယ် ဘားအံမြို့နယ် ကျိုက်ကေလာသကျေးရွာ သို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်းတစ်မိုင်နှင့် Box Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှု၊ စိုက်ပျိုးမြေဧက ၃၅၀ ကိုအကျိုးပြုနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကော့ပရံ-ကော့မလောက်ကျေးရွာချင်းဆက် လမ်းအရှည်နှစ်မိုင် ငါးဖာလုံအနက် တစ်မိုင်တစ်ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျန်ရှိနေသည့် လမ်းပိုင်းအား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ဘားအံမြို့ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်တန်းသူဦးရေ ပိုမိုရရှိရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ရက်ကန်းလက်ရာများ အဆင့်အတန်း မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လက်ရက်ကန်း ခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်းတက်ရောက်နေ သော သင်တန်းသူ ၁၁ ဦး၏ လက်တွေ့သင်ယူနေမှု၊ ရက်ကန်းလက် ရာထည်များနှင့် လေ့ကျင့်ပျိုးထောင်ရေးစင်တာတို့ကို ကြည့်ရှု အားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်ဘားအံမြို့ သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည့် မြေပဲစိုက်သမ ဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းသားတောင်သူများ လိုအပ်သည့်အထွက် တိုးမျိုးနှင့် သွင်းအားစုများကို နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေးလျက်ရှိသဖြင့် အသင်းသားတောင်သူများက ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားပြီး ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြေပဲစိုက်ပျိုးမည့် သမဝါယမအသင်းငါးသင်းမှ အသင်းသားတောင်သူများအတွက် အထွက်တိုးမျိုးနှင့် သွင်းအားစုများပေးအပ်ရာ အသင်းသားတောင်သူများကိုယ်စား သာယာကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဘားအံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာနလေးခုမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဘားအံမြို့နယ် အတွင်းမှ ရသဝေါကျေးရွာနှင့် ကော့တာကျေးရွာ၊ လှိုင်းဘွဲမြို့နယ်မှ အဝင်ဝကျေးရွာတို့အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ စီပေးအပ်ရာ ကျေးရွာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်နယ်ဦးစီးမှူးများက သက် ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3428 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download