ဘားအံမြို့နယ် တောင်သူကုန်းကျေးရွာအုပ်စု ခြံကလေးကျေးရွာ၌ ပညာဥယျာဉ် စာကြည့်တိုက်ဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 21, 2025


ဘားအံ နိုဝင်ဘာ ၂၁

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ချီးမြှင့်ငွေဖြင့် ဘားအံမြို့နယ်တွင် စာကြည့်တိုက်(၃)တိုက်၊ လှိုင်းဘွဲမြို့နယ်တွင် စာကြည့်တိုက်(၂)တိုက် စုစုပေါင်း(၅)တိုက်ကို ဆောက်လုပ်ဖွင့်လှစ်ပေးသွား မည်ဖြစ်ရာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက တတိယမြောက်စာကြည့်တိုက်ဆောက်လုပ်ဖွင့်လှစ်ပေးသည့်အနေဖြင့် ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာ၊ ခြံကလေးကျေးရွာ၌ ပညာဥယျာဉ်စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါစာကြည့်တိုက်ကို ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေကျပ်သိန်း(၂၀၀) ပြည်သူလူထုထည့်ဝင်ငွေ ၄၇၈၇၀၀ဝိ/-ကျပ် စုစုပေါင်းငွေကျပ် ၂၄၇၈၇၀၀ဝိ/-(နှစ်ရာလေးဆယ်ခုနှစ်သိန်းရှစ်သောင်းခုနှစ်ထောင်ကျပ်)ဖြင့် ဆောက် လုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ်အလိုက်ခင်းကျင်းထားရှိမှု၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံများ၏ စာပေလာရောက်လေ့လာဖတ်ရှုနေမှုများကို ကြည့်ရှုအားပေး၍ တာဝန်ရှိ သူများအား လိုအပ်သည်များမှာကြားသည်။

ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် စာကြည့်တိုက်များတည်ဆောက်ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန် ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိရာ စာအုပ်စာပေများကိုဖတ်ရှုပြီး ဘဝတိုးတက် အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကို အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင်၊ စာဖတ်သည့် အလေ့အထစွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြား၍ စေတနာရှင်အလှူရှင်များက ပညာဥယျာဉ် စာကြည့်တိုက်အတွက် ငွေပဒေသာပင်များကို လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ က စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အဦ၊ စာရွက်စာတမ်း၊ စာအုပ်စာစေင်နှင့်ပရိဘောဂ များကို စာကြည့်တိုက်ကော်မတီတစ်ဦးထံလွှဲပြောင်းပေးအပ်ရာ ကော်မတီဝင်ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်းသူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာကျောင်းဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပညာသင်ကြားနေသော Grade-10 မှ 12 ထိ ကျောင်းသား၊ကျောင်းသူ ၂၆၇ ဦးအတွက် ဆန်၊ ဆီ နှင့်ငွေကျပ်(၁၀)သိန်းကို ဆက်ကပ်လှူဒါန်းကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ပါသည်။

Newspaper - 3356 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download