ဘားအံ၌ အခြေခံကင်းထောက်သင်တန်းဖွင့်ပွဲနှင့်အခြေခံပညာအထက်တန်းဆင့်(Grade-12)သင်ကြားမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 22, 2024


ဘားအံ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် အခြေခံကင်းထောက်သင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ဦးစွာ ကင်းထောက်သင်တန်းသား၊သင်တန်းသူများက ကင်းထောက်ဂုဏ်ရည် သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်မှအားထားရမည့်ကြီးမားသည့်အင်အားစုတစ်ရပ်ဖြစ် သောကျောင်းသားကျောင်းသူလူငယ်များကို အစဉ်သင့် ဆိုသည့်ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ် ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့်လျင်မြန်စွာဖြေရှင်းဆောင်ရွက်တတ်စေရန်၊ မိဘ၊ဆရာ၊ခေါင်းဆောင်တို့၏အမိန့် ကို တသွေမတိမ်းလိုက်နာတတ်စေရန်တို့အတွက် ဝိုင်းဝန်းပြုစုပျိုးထောင်ရင်း ကင်းထောက်လုပ်ငန်းများအောင်မြင် အောင် တာဝန်ရှိသူအပေါင်းမှ ကိုယ်စီပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကင်းထောက်သင်တန်းအတွက် ငွေကျပ် ၁၉၄၇၅၀၀ဝိ/-(တစ်ရာကိုးဆယ့် လေးသိန်းခုနှစ်သောင်းငါးထောင်ကျပ်)ကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အခြေခံ ကင်းထောက်ကြီးကြပ်၊နည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများအတွက် ကင်းထောက်လည်စည်းများကို ပေး အပ်ကာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ကင်းထောက်သင်တန်းသား၊သင်တန်းသူများအတွက် ကင်းထောက်လက်စွဲစာအုပ်ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ယခင်ကျင်းပပြီးစီးခဲ့သည့် ကင်းထောက်သင်တန်းမှ လှုပ်ရှားမှုအမှတ်တရ Video Clip ကို ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခြေခံကင်း ထောက်သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ကင်းထောက်လူငယ်သုံး အသုံးအဆောင်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်(Grade-12)သင်ကြားမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ခေတ်နှင့်အညီတိုးတက်ပြောင်းလဲလာသည့် ပညာရေးလမ်းကြောင်းတွင် ဆရာ၊ဆရာမများ အရည်အသွေးမြင့်မည်ဆိုပါက မျိုးဆက်သစ်ကျောင်းသားများ၏ အနာဂတ်လှပလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏တပည့် များ ထူးချွန်အောင်သင်ကြားရေးကိုအာရုံစိုက်သင်ကြားပေးသကဲ့သို့ ဗလငါးတန်ပြည့်ဝပြီး ထူးချွန်ကောင်းမွန်သော လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးအတွက်လည်း သင်ကြားပေးကြရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်ကြသည့်ဆရာ၊ဆရာမများအတွက် ငွေကျပ် ၁၄၈၅၀၀၀ဝိ/-(တစ်ရာလေးဆယ့်ရှစ်သိန်းငါးသောင်းကျပ်) ကို ပြည်နယ်ပညာရေးမှူးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းပို့ချဆောင်ရွက်နိုင်ရေးစီစဉ်ထားရှိမှုအခြေအနေများ ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဆရာ၊ဆရာမများဆွေးနွေးပွဲတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ဆရာမစုစုပေါင်း ၁၄၈၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ(၄)ရက်ကြာမြင့်မည်ဖြစ် ကာ အခြေခံပညာအထက်တန်းအဆင့်(Grade-12)မှ ဘာသာရပ်(၉)ခုအား ဘားအံတက္ကသိုလ်မှ ဆရာ၊ဆရာမ ၉၉ ဦး က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Newspaper - 3021 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download