မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ
မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / July 05, 2025

နေပြည်တော် ဇူလိုင် ၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ကြီးဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ် ပြဋ္ဌာန်းချက်ပါ အာမခံစနစ် ခြောက်မျိုးကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာမခံစနစ်တစ်မျိုးချင်းထားရှိမှုအပေါ်မူတည်ပြီး အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးကို တိုးမြှင့်ပေးရသည့် အတွက် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် အာမခံစနစ်သုံးမျိုးဖြစ်သည့် ကျန်းမာရေးနှင့်လူမှု ရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်စဉ် မဖြစ်ပေါ်မီကပင် အာမခံအလုပ်သမားများ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်တို့၌ အချိန်ပြည့်ပညာသင်ကြားနေ သော သားသမီးများအတွက် ပညာသင်စရိတ်များ ထောက်ပံ့ရန် လမ်းညွှန်ထားသဖြင့် ကျောင်းသား ကျောင်းသူများစာရင်းကို ကောက်ယူလျက်ရှိပြီး အာမခံအလုပ်သမားများ၏ (၂/၂၀၂၅) လ ထည့်ဝင်ကြေးအပေါ်မူတည်ပြီး မူလတန်းအား ထည့်ဝင်ကြေး၏ ၁၀ ရာနှုန်း၊ အလယ်တန်းအား ၁၅ ရာနှုန်း၊ အထက်တန်းအား ၂၀ ရာနှုန်း၊ တက္ကသိုလ်ကျောင်းသား များအား ၂၅ ရာနှုန်း ထောက်ပံ့သွားမည်ဖြစ်ပါ ကြောင်း။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ဘေးဒဏ်ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ် ငါးခုတို့တွင် ခံစားခဲ့ကြရာ ပြည်သူ အားလုံး လူမှုဒုက္ခ ခံစားနေရချိန်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတွင်ရှိသည့် အာမခံအလုပ်သမား များအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်း ခွင့်ပြုထုတ်ပေးရန် ထပ်မံလမ်းညွှန်မှုပြုခဲ့သဖြင့် ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၁၀၉၇ ဌာန၊ အာမခံအလုပ်သမား ၂၇၂၆၇ ဦးအနက်မှ ယနေ့တွင် အာမခံလုပ်သား ၁၁၂၀၃ ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်းဖြစ်သည့် ငွေကျပ် ၁၀၀၁ ဒသမ ၅၆၃ သန်း ကို ဦးစွာထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသောအာမခံလုပ်သားများကိုလည်း စာရင်းများစိစစ်ပြီးပါက ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုသို့ မကြာမီရက်များအတွင်း ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာနှုန်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment စနစ်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့ လွှဲပြောင်းပေးအပ်ပြီး Digital Payment စနစ်များ ဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay ၊ Mytel Pay စသည်တို့ဖြင့် အာမခံလုပ်သားများလက်ဝယ်သို့ စနစ်တကျလွယ်ကူ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဋ္ဌထံသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အလုပ်ဌာနများမှ လျှောက်ထားလာသည့် အာမခံအလုပ်သမား ၁၁၂၀၃ ဦးတို့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာနှုန်း ငွေကျပ် ၁၀၀၁ ဒသမ ၅၆၃ သန်းကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ Mobile Medical Unit (MMU) ဖြင့် နေပြည်တော် ကောင်စီဝင်းအတွင်း အာမခံအလုပ်သမားများအား ဆေးကုသဝန်ဆောင်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3215 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download