မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 13, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံသစ်ကုန်းကျေးရွာထိပ်၌ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် ပုသိမ်ကြီးမြို့ နယ်၊ နွယ်နီကျေးရွာနေ မျိုးဝင်း(၃၆)နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ ကျော်ဇင်သက်(၃၀)နှစ်၊ တစ်ရပ်ကွက်တည်းနေ ရဲထက်အောင်(၂၇)နှစ်နှင့် ပုသိမ်ကြီးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ ဆန်းမင်းထွေး(၄၁)နှစ်တို့ လိုက်ပါလာသည့် MDY-13/8K-XXXX FORLAND ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် သစ်ခွဲသားမျိုးစုံ ၉၅ ချောင်း၊ ၁.၁၈၁၉ တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးဝင်းပါ လေးဦးအား ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၇/၂၀၂၆၊ သစ်တော ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3409 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
