မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကျောက်ဆည်ခရိုင်အတွင်း မြေနိမ့်ပိုင်းဧရိယာများနှင့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / September 13, 2024
image_latest


ကျောက်ဆည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ကျောက်ဆည်ခရိုင်အတွင်း ရပ်ကွက်အချို့၊ စာသင်ကျောင်းနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း ရေဝင်ရောက်နေမှုများနှင့် ရန်-မန်းကားလမ်း ရေကျော်နေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်အိမ်ထောင်စုဝင်များအား ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံကာ အားပေးစကားများပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများကို  ကျောက်ဆည်ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇော်ဂျီမြစ်ပေါ်ရှိ မြို့ကြီးရေလှောင်တမံ၏ ရေပိုလွှဲမှအမြင့်ဆုံး ရေကျော်ကျမှုနှင့်အောက်ဘက်ရှိ ရေလွှဲဆည်အဆင့်ဆင့်၏ နှစ်အလိုက် အမြင့်ဆုံးရေမှတ်အခြေအနေများ၊ မိုးရေချိန်လက်မ၊ ရေလှောင်တမံ ရေသိုလှောင်ထိန်းသိမ်းထားမှု၊  ကျောက်ဆည်ခရိုင်အတွင်း ဇော်ဂျီမြစ်ရေ၊ ပန်းလောင်မြစ်ရေ၊ စမုံမြစ်ရေများရေကြီးရေလျှံမှုများ ကြောင့် မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်းဧရိယာများနှင့်ကျေးရွာများ၊ အနီးဝင်းကျင်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့မှုနှင့်ဝင်ရောက်ခဲ့မှု၊ အခြေခံပညာကျောင်းများပိတ်ထားမှုအခြေအနေများ၊ ပြည်သူများအား ရေလွှတ်ရာနေရာများသို့ရွှေ့ပြောင်းပေးထားမှု၊ ရန်-မန်းကား လမ်းပေါ်ရေကျော်နေမှု အခြေအနေများ ရှင်းလင်းတင်ပြရာအစိုးရအဖွဲ့ဝန်ကြီးများက ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ကြက်မင်းတွန်ရပ်ကွက်ရှိ စိတ္တသုခ ဓမ္မာရုံတွင် ရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်၍ ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ဆက်လက်၍ ကျောက်ဆည်ပြည်သူ့ဆေးရုံဝင်းအတွင်း ရေဝင်ရောက်နေမှုများ၊ ဆေးရုံသုံးပစ္စည်းများ ရွှေ့ပြောင်းထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် ဆေးရုံတွင်တက်ရောက်ဆေးဝါးကုသနေသည့်လူနာများ အားပေးစကားများပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကျောက်ဆည်မြို့ရှိအမှတ်()အခြေခံပညာမူလတန်း‌(မူလွန်) ကျောင်းအတွင်း ရေဝင်ရောက်နေမှုများနှင့် ကျောင်းအားယာယီပိတ်ထားမှုအခြေ အနေများကိုလည်းကောင်း၊ ကျောက်ဆည်-ဟန်မြင့်မိုရ်-ရွာငံလမ်းပိုင်းရှိ သံရွာနှင့် တောင်တော်ရွာကြား ကားလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားမှုအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ မြစ်သားမြို့အခြေခံပညာအထက်တန်းကျောင်းအတွင်း ရေဝင်ရောက်နေမှုနှင့် ယာယီကျောင်းပိတ်ထားမှုအခြေအနေများကိုလည်းကောင်း၊ မြစ်သားမြို့မြင်းခြံ-ရေဝန်းလမ်းပိုင်း ရေကျော်နေမှု၊ အနီးဝန်းကျင်ရှိရပ်ကွက်များအတွင်း ရေဝင်ရောက်နေမှုများ၊ ရပ်ကွက်နေပြည်သူများအား ရေလွတ်နေရာများသို့ ရွှေ့ပြောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရွှေဘုံသာကျောင်းတိုက်ရှိ နှင်းမေတ္တာဓမ္မာရုံတွင် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

၎င်းနောက်ကူးမဲမြို့နယ်ခွဲနှင့်လမ်းခွရွာရှိ ရန်-မန်းကားလမ်းလမ်းပိုင်းများတွင် ရေကျော်နေမှုအခြေအနေများကိုလည်းကောင်း၊ လွန်ကျော်ရွာကျေးရွာနှင့် အနီးဝန်းကျင် ရေဝင်ရောက်နေမှုအခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်နေမှုများကိုလည်း ကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်နေရာများသို့ ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ငန်းများကိုအချိန်နှင့် တစ်ပြေးညီ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့်  မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် ကျေးရွာများတွင်နေထိုင်ကြသော ဒေသခံပြည်သူများအား ရေဘေးအန္တရာယ်သတိပြုမူ နေထိုင်နိုင်ရေးအသိပေးနှိုးဆော်တိုက်တွန်းထားကြောင်းသိရသည်။

သက်မောင်

 

Newspaper - 3044 items

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download