မသန်စွမ်းသူများ၏ဘဝတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများ၊ တန်းတူညီမျှ ရပိုင်ခွင့်များ၊ ပူးပေါင်းဆောင်ရွက်မှုစသည့် စိန်ခေါ်မှုများကို လူသားအားလုံးက လက်တွေ့ကျအောင် ဖြေရှင်းဆောင်ရွက်ပေးကြရန်လို မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍကို ဦးစားပေးမြှင့်တင်ပေးရမည်


Ministry of Information/ Naypyitaw / December 04, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပူပေါင်းပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်နှင့် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို အများပြည်သူသိရှိ နားလည်စေရန်အတွက် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂက ဦးဆောင်မှုနှင့် ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၉၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၁)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။

ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်သည် “Amplifying the leadership of persons with disabilities for an inclusive and sustainable future” “အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဖြစ်ကြောင်း။

ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၂၀၀ အနက် ၁၆ ရာခိုင်နှုန်းဖြစ်သော သန်းပေါင်း ၁၃၀၀ ကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုးရှိသူများဖြစ်ကြကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည့် ၅ ဒသမ ၉ သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်းကိုတွေ့ရှိရကြောင်း၊ ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူဦးရေ အချိုးအစား ကြီးကြီးမားမား ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ကူညီအားပေးကြရန်လို

မသန်စွမ်းသူများ၏ ဘဝတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများ၊ တန်းတူညီမျှ ရပိုင်ခွင့်များ၊ ပူးပေါင်းဆောင်ရွက်မှု စသည့်စိန်ခေါ်မှုများကို လူသားအားလုံးက လက်တွေ့ကျအောင် ဖြေရှင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူလူချင်းတူသော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသူများကို စာနာထောက်ထားဖေးမကူညီပြီး မသန်သော်လည်း စွမ်းဆောင်ရည် ပြည့်ဝသည့်၊ လောကအကျိုးကို သယ်ပိုးနိုင်သည့် လူသားတစ်ဦး ဖြစ်လာအောင် ကူညီအားပေးကြရန် လိုအပ်ကြောင်း။

နေရာပေးဆောင်ရွက်

ထို့ကြောင့် အားလုံးအကျုံးဝင်ပါဝင်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ကျန်ရစ်နေသည်မျိုး မရှိအောင်၊ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်နိုင် မှုအပေါ်မူတည်ပြီး မသန်စွမ်းသူများကို ဦးဆောင်သည့် အခန်းကဏ္ဍများတွင် နေရာပေးဆောင်ရွက်ပေးကြရန်လည်း လိုအပ်ကြောင်း၊ မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုများအပေါ် နားလည်လက်ခံနိုင်စွမ်းကို ဖော်ဆောင်ပေးရာလည်း ရောက် ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် “မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD)” ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများအရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅ နှင့် နည်း ဥပဒေများ ၂၀၁၇ တို့ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးလျက်ပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၉) ခုကို ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း။

ပညာရေးကဏ္ဍ ဦးစားပေး

မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍကို ဦးစားပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် ၂၀၁၆ ခုနှစ် လေ့လာဆန်းစစ် ချက်များအရ မသန်စွမ်းသူ ကလေးသူငယ် နှစ်သိန်းသုံးသောင်းခန့်ရှိပြီး အဆိုပါအထဲက ကလေးသုံးဦးတွင် နှစ်ဦးသည် ကျောင်းမတက်ကြဘဲ ၃၆ ရာခိုင်နှုန်းခန့်သာ စာရေးစာဖတ်နိုင်ကြောင်းသိရကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် မသန်စွမ်းသူများအတွက် ပညာရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအပေါ် ခွဲခြားမှုမရှိသော သင်ရိုးညွှန်းတမ်းနှင့် အလေ့အကျင့်များ ကျင့်သုံးခြင်း၊ အထူးပညာရေး ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင်ကြားမှု၊ သင်ယူမှုပြုနိုင်ရန် အတွက် လိုအပ်သော နည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။

အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အများပြည်သူဆိုင်ရာနေရာများ၊ အဆောက်အဦများကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်များတွင် မသန်စွမ်းသူများ လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ သတင်းအစီအစဉ်များတွင် Sign Language နှင့် ပြသခြင်းများ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားများတွင်လည်း မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်အောင် ဆောင်ရွက်ပေးမှုအတွက် ဂုဏ်ပြုဆုကို နှစ်စဉ်ထည့်သွင်းချီးမြှင့်ပေးလျက်ရှိကြောင်း။

အားပေးဂုဏ်ပြုမြှင့်တင်

မသန်စွမ်းသူများသည် အများနည်းတူ ရာနှုန်းပြည့် ကျန်းမာသန်စွမ်းမှုမရှိသော်လည်း ၎င်းတို့၏ ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်အစိတ်အပိုင်းနှင့်ကိုက်ညီသည့် လှုပ်ရှားဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင်နိုင်ရန် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့စီမံဆောင်ရွက်ပေးမည်ဆိုပါက မသန်စွမ်းသူများ၏ စိတ်အားငယ်မှု၊ သိမ်ငယ်မှုများ ပပျောက်စေပြီး မသန်သော်လည်း စွမ်းသည့် စွမ်းဆောင်ရှင်များအဖြစ် လောကကို တတ်အားသမျှ အကျိုးပြုနိုင်သူများဖြစ်လာအောင် အားပေးဂုဏ်ပြု မြှင့်တင်သွားကြရန် တိုက်တွန်းလိုကြောင်း။

မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုရေးပိုင်းဆိုင်ရာ အကျုံးဝင်မှုသာမက စီးပွားရေးအကျုံးဝင်မှုပါ ရရှိပြီး အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ကြောင်း နားလည်လက်ခံပြီး မသန်စွမ်းသူများကို အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်သည့်နေရာများတွင် တာဝန်ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

မသန်စွမ်းသူအားလုံး လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် ၂၁ ခုတွင် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ယနေ့အထိ ၅၉၃၇ ဦး မသန်စွမ်းမှတ်ပုံတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများအပေါ် ထားရှိသည့် မကောင်းမြင်စိတ်နှင့် လွဲမှားသော အယူအဆအတွေးအမြင်များ ပပျောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။

အသိပညာပေးဆောင်ရွက်

ထို့ပြင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရာတွင်လည်း မသန်စွမ်းသူများအနေဖြင့် အများတကာတွေထက် ပိုမိုထိခိုက်ခံစားရကြောင်း၊ ထို့ကြောင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ကြောင်း။

မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးရာတွင် မသန်စွမ်းသူများကိုယ်တိုင်နှင့် မသန်စွမ်းသူ များအရေး ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူးလိုအပ်ကြောင်း၊ ထို့ပြင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ကြရန် အသိပေးပြောကြားလိုကြောင်း။

ယခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဦးတည်ချမှတ်ထားသော “အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ ခေါင်းဆောင်မှုစွမ်းရည် မြင့်တက်စေခြင်း၊ ဦးဆောင်သည့် ကဏ္ဍများတွင် ပါဝင်စေခြင်းနှင့် မသန်စွမ်းသူများ၏ အမြင်နှင့်သဘောထားကို အလေးထား ထည့်သွင်းပေးခြင်းတို့ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလာရေးဂုဏ်ပြုဆု ရရှိကြသူများကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလုပ်အကိုင်အခွင့်အလမ်းဂုဏ်ပြုဆုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတို့ကို ပြသပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းနှင့်အတူ ဘီးတပ်ကုလားထိုင်ဖြင့် စွမ်းရည်ပြကပြဖျော်ဖြေကြသည်။

 ယင်းနောက် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကလေးငယ်များက “စိတ်ဓာတ်ခွန်အား ရွက်လွှင့်ထား” တေးသီချင်းဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ မသန်စွမ်းကလေးများက “ရေအိုးယိမ်း” တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သီဆိုကပြဖျော်ဖြေခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သော စာအုပ်များ၊ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3025 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download