မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ဖိုးချစ်ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များသို့ ကြိတ်ကြိတ်တိုးပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် အထူးစည်ကားများပြား


Ministry of Information/ Naypyitaw / November 03, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်၊ ဖိုးချစ်ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များကို ယနေ့ညနေပိုင်းမှစတင်၍ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အပြင်ဘက် သတ်မှတ်နေရာများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နေပြည်တော်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် ကြိတ်ကြိတ်တိုး ပါဝင်ဆင်နွှဲကြသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ရာ ယခုနှစ်တွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး အဆိုပါပြည်သူများ ဘုရားဖူးမြော်လာရောက်စဉ် စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးနှင့် လေ့လာဝယ်ယူနိုင်ရေးအတွက် MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များစသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော် အပါအဝင် ဖျော်ဖြေရေးအစီအစဉ်ကောင်းများဖြင့် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပပေးခြင်းဖြစ်ရာ ပြည်သူများ တပျော်တပါး တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ပွဲတော်သို့လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများအား သက်ဆိုင်ရာပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ဒေသအလိုက် ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြရာ ဘုရားဖူးလာပြည်သူများက စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြသည်။

ကြိတ်ကြိတ်တိုး ဝယ်ယူ

ထို့ပြင် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများ၊ One Region One Product ထုတ်ကုန်ပစ္စည်းပြခန်းများ၊ EV ကားနှင့် မော်တော်ဆိုင်ကယ်အရောင်းပြခန်းများ၊ ရခိုင်ရိုးရာနှင့် ရှမ်းရိုးရာအစားအစာအရောင်းဆိုင်ခန်းများ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စားသောက်ကုန်နှင့် ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ MSME စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ အိမ်တွင်းလက်မှုအနုပညာအရောင်းပြခန်း၊ ရိုးရာအဝတ်အထည်များနှင့် မြန်မာ့ရိုးရာအစားအစာအရောင်း ဆိုင်များဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစား ဖြင့် ကြိတ်ကြိတ်တိုးဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူအားပေးကြသည့်မြင်ကွင်းကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။

ထို့အတူ ပွဲတော်လာပြည်သူများ အတီး၊ အမှုတ်၊ အက၊ အခုန်၊ ဆိုင်းသံ၊ ဗုံသံစုံလင်စွာ လွှမ်းခြုံထားသည့် မြန်မာ့ဇာတ်သဘင်အနုပညာကို ခံစားနိုင်စေရန်အတွက် နိုင်ငံကျော် ဇာတ်မင်းသားဖိုးချစ် ဇာတ်ပွဲသဘင်ကိုလည်း ထည့်သွင်းဖျော်ဖြေပေးခဲ့ရာ ပြည်သူများ ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေး ကြသည်။

ကပြတင်ဆက်မည်

အဆိုပါ ဖိုးချစ်ဇာတ်ပွဲသဘင်တွင် ခေတ်မီသည့် စင်မြင့်အပြင်အဆင်များ၊ အသံစနစ်များ၊ ခေတ်မီ နည်းပညာရပ်များတွဲဖက်၍ ထူးချွန်ပြောင်မြောက်လှသည့် မင်းသား၊ မင်းသမီးများ၏ အဆို၊ အပြောနှင့် နှစ်ပါးသွားအကခန်း၊ အော်ပရာနှင့် စင်တင်ပြဇာတ်ကြီးများ၊ လူရွှင်တော်များ၏ စိတ်နှလုံးပျော်ရွှင်ဖွယ် ဟာသပြက်လုံးများနှင့် ဟာသတစ်ခန်းရပ်များ၊ ဇာတ်သဘင်ကို အဓိကပံ့ပိုးပေးနေသည့် ဆိုင်းဝိုင်းကြီးများ၏ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်မှုများကြောင့် ဇာတ်ပွဲကြီး၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေခဲ့ပြီး အနုသုခုမကို စိတ်ဝင်စား၍ လာရောက်အားပေးကြည့်ရှုကြသည့် ပြည်သူများအနေဖြင့်လည်း စိတ်ကျေနပ်မှုအပြည့်အဝရရှိခဲ့ကြကာ အဆိုပါဇာတ်သဘင်ကို တန်ဆောင်တိုင်ကာလအတွင်း ညစဉ်ကပြတင်ဆက်သွားမည်ဖြစ်သည်။

ထို့ပြင် ပွဲတော်လာပြည်သူများ ခေတ်ပေါ်တေးဂီတကို ခံစားနားဆင်နိုင်စေရန်အတွက်လည်း ခေတ်ပေါ်တေးဂီတ (စတိတ်ရှိုး) ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုးစသည့် နာမည်ကြီးအဆိုတော်များက Hi Bird Music Band နှင့် Runner Music Band တို့၏ တီးခတ်မှုနှင့် တွဲဖက်၍ လူကြိုက်များလှသည့် တေးသီချင်းများဖြင့် အလှည့်ကျဖျော်ဖြေသီဆိုပေးကြရာ ပျော်ရွှင်တက်ကြွစွာ လာရောက်နားဆင်ခံစားကြသည့် ပြည်သူများဖြင့်လည်း အထူးစည်ကားခဲ့သည်။

ထို့ပြင် ဘုရားဖူးလာ ကလေးငယ်များအတွက် အစီအစဉ်ကောင်းတစ်ခုအဖြစ် ထည့်သွင်းထားသည့် ကလေးကစားကွင်းများ၌လည်း ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကားစသည့် ကလေးကစားနည်းများ စုံစုံလင်လင်ထည့်သွင်းထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များ၏ ချစ်စဖွယ်ပုံရိပ်များကိုလည်း တွေ့မြင်ရသည်။

အဆိုပါ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်၊ ဖိုးချစ်ဇာတ်ပွဲသဘင်နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များကို တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်သည့် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးကို ဆင်နွှဲကုသိုလ်ယူရင်း ဈေးရောင်းပွဲတော်ကြီးနှင့် ဖျော်ဖြေရေးအစီအစဉ်များသို့လည်း စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

သတင်း-ခေတ်လူငယ်

ဓာတ်ပုံ-ဖိုးပြည့်စုံ၊ သီဟ

Newspaper - 3337 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download