မိမိတို့နေထိုင်ရာ မြို့ပြဒေသများ စိမ်းလန်းစိုပြည် ခေတ်မီသာယာရေး


Ministry of Information/ Naypyitaw / April 20, 2026
image_latest


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ လူဦးရေ၏ ၃၁ ရာခိုင်နှုန်း (၁၅ ဒသမ ၇ သန်း) သည် မြို့ပြများတွင် နေထိုင်ကြသည်ဟု သိရသည်။ မြို့ပြရာခိုင်နှုန်း အများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး ၆၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး ၃၄ ရာခိုင်နှုန်း၊ မွန်ပြည်နယ် ၃၅ ရာခိုင်နှုန်းနှင့် နေပြည်တော် ၃၅ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။ ထို့အပြင် ပြည်တွင်း၌ လူဦးရေရွှေ့ပြောင်းမှုများ တိုးပွားလာခဲ့ရာ လူ ၃ ဒသမ ၉ သန်းခန့်သည် ပြည်တွင်း၌ ရွှေ့ပြောင်းသွားလာခဲ့ကြကြောင်းနှင့် အဓိကဦးတည်ရာဒေသများမှာ ရန်ကုန်မြို့နှင့်နေပြည်တော်တို့ဖြစ်ပြီး ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း အသားတင်ရွှေ့ပြောင်းနှုန်းများ အပေါင်းလက္ခဏာ ပြနေသည်ဟု ဆိုသည်။

မြို့ပြဒေသများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့၏ အချက်အချာ နေရာများဖြစ်သည်နှင့်အညီ ရွှေ့ပြောင်းဝင်ရောက်လာသူများ များပြားလာသည်နှင့်အမျှ မြို့များမှာလည်း တဖြည်းဖြည်းကြီးထွားလာကြသည်။ ရွှေ့ပြောင်းကြရခြင်း၏ အဓိကအကြောင်းရင်းမှာ အလုပ်အကိုင်၊ စီးပွားရေး စသည့် အကြောင်းများကြောင့်ဖြစ်ပြီး ရွှေ့ပြောင်းမှု စုစုပေါင်းတို့၏ ၄၃ ရာခိုင်နှုန်းအထိရှိသည်ကို တွေ့ရသည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းမှုမှာမူ တစ်နိုင်ငံလုံးအနေဖြင့် ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ မည်သည့်အကြောင်းများကြောင့်ဖြစ်စေ မြို့ပြဒေသများသို့ ဝင်ရောက်သူများလာသည်နှင့်အမျှ ၎င်းတို့နှင့်ဆက်စပ်၍ အိမ်ရာ၊ ရေနှင့်သန့်ရှင်းရေး၊ စွမ်းအင်၊ ဆက်သွယ်သွားလာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည်ဖြင့် လိုအပ်ချက်များမှာလည်း မြင့်မားလာသည်။

မြို့ပြများသို့ ရွှေ့ပြောင်းအခြေချနေထိုင်မှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုများပြားလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကျေးလက်နေသူ ၃ ဒသမ ၂ ဘီလီယံမှ ၅ ဘီလီယံအထိ မြို့များသို့ ရွှေ့ပြောင်းနေထိုင်ကြမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေ၏ ၆၄ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူဦးရေ၏ ၈၆ ရာခိုင်နှုန်းမှာ မြို့ပြဒေသများတွင် နေထိုင်လာကြမည်ဖြစ်ရာ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများသည် တစ်ကမ္ဘာလုံး၌ ငါးဘီလီယံခန့်ရှိလာမည်ဖြစ်ပြီး အဓိကအားဖြင့် အာရှနှင့်အာဖရိကတို့တွင် ဖြစ်မည်ဟုဆိုသည်။ မြို့ကြီးများသို့ ပြောင်းရွှေ့ဝင်ရောက်မှုများပြားလာရာတွင် အဓိကအခက်အခဲမှာ နေထိုင်ရေးဖြစ်ပြီး ယင်းအချက်ကြောင့်ပင် အခြေခံလူတန်းစားများ နေထိုင်ရာ ပျံကျရပ်ကွက်များ သို့မဟုတ် ကျူးကျော်ရပ်ကွက်များမှာ မြို့ကြီးများ၏ ပတ်ဝန်းကျင်များ၌ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အဆိုပါ ရပ်ကွက်များမှာ စနစ်တကျတည်ဆောက်ထားခြင်း မဟုတ်သည့်အလျောက် လူနေမှုစနစ်နိမ့်ကျခြင်းနှင့် အခြား လူမှုရေး၊ ကျန်းမာရေးနှင့် အခြားပြဿနာများစွာတို့ ဖြစ်ပွားမှုကို တွေ့ရှိနိုင်သည်။

မြို့ပြများ ကြီးထွားကျယ်ပြန့်လာခြင်းနှင့် ပျံကျကျူးကျော်နေထိုင်မှုများ များပြားလာခြင်းတို့က မြို့တွင်နေထိုင်ကြသူများအတွက် ကျန်းမာရေးဆိုင်ရာမကောင်းသော အကျိုးသက်ရောက်မှု များဖြစ်ပေါ်စေကြောင်း ပညာရှင်များက သတိပေးထားကြသည်။ မြို့တွင် နေထိုင်သူများမှာ အထူးသဖြင့် နှလုံး၊ ဆီးချိုသွေးချို၊ သွေးတိုး၊ အဆုတ်နှင့် ကင်ဆာအမျိုးမျိုးတို့ကဲ့သို့သော မကူးစက်နိုင်သည့် ရောဂါများအဖြစ်များလျက်ရှိသည်ဟုဆိုသည်။ ကျန်းမာရေးနှင့်မညီညွတ်သော မြို့ပြလူနေမှုပုံစံများအရ နေရာထိုင်ခင်း ကျဉ်းကျဉ်းတွင် ပြွတ်သိပ်နေထိုင်ရခြင်း၊ ရေ၊ အစားအစာနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဖြစ်သလိုစားသောက်ကြရခြင်း စသည်တို့ကြောင့်လည်း ကူးစက်ရောဂါများဖြစ်ပွားပါက လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ပြီး အသက်အန္တရာယ်ထိခိုက်စေသည်အထိ ပြင်းထန်နိုင်စေသည်။

သို့ဖြစ်ရာ မြို့ပြဒေသများသည် မြို့ပြနေသူများအတွက် ကိုယ်ရောစိတ်ပါကျန်းမာစေပြီး နေ့စဉ်လူမှုစီးပွားဘဝများကို လွယ်ကူအဆင်ပြေလျင်မြန်စွာ ဆောင်ရွက်နိုင်ကြစေရန် စိမ်းလန်းစိုပြည်သော၊ သန့်ရှင်းသပ်ရပ်သော၊ ခေတ်နှင့် ရင်ပေါင်တန်းနိုင်သောမြို့များ ဖြစ်ရန်လိုသည်။ မြို့ပြနေ ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ မြို့များကို (Green, Clean and Smart Cities) များဖြစ်လာအောင် မိမိတို့တတ်နိုင်သမျှ၊ တတ်စွမ်းသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏ အိမ်ရာ အဆောက်အအုံများ သပ်ရပ်လှပရေး၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေး၊ သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်ရေး စသည်တို့ကို အိမ်တိုင်းက ဆောင်ရွက်ခြင်း၊ မိမိတို့လမ်းအလိုက်၊ ရပ်ကွက်အလိုက် စသည်ဖြင့် စည်းလုံးညီညာ တက်ကြွရွှင်လန်းစွာ ဖော်ဆောင်ကြခြင်းအားဖြင့် ရပ်ရွာတစ်ခုလုံးသည် နေချင့်စဖွယ် တင့်တယ်လှပလာမည်ဖြစ်သလို ကိုယ်ရောစိတ်ပါ ကျန်းမာခြင်းနှင့်လည်း ပြည့်စုံလာကြပါမည့်အကြောင်း။ ။

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download