မိမိတို့၏ လက်များမှတစ်ဆင့် ကျရောက်လာနိုင်သည့် အန္တရာယ်များလက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်
မိမိတို့၏ လက်များမှတစ်ဆင့် ကျရောက်လာနိုင်သည့် အန္တရာယ်များလက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်
Ministry of Information/ Naypyitaw / October 15, 2025
လက်ဆေးခြင်းက ရောဂါတော်တော်များများကို လက်ဆေးသူထံ ကူးစက်မခံရစေရန် ကာကွယ်ပေးနိုင်သည်။ ရောဂါကိုမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပြီးမှကုသခြင်းထက် များစွာပို၍အကျိုးကြီးသည်။ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးခြင်းသည် လွန်စွာရိုးရှင်းလွယ်ကူသည့် ရောဂါကာကွယ်နည်းတစ်ခုဖြစ်သော် လည်း အမှတ်မထင်၊ အလေးမထားသူ၊ ဂရုတစိုက်ကျင့်သုံးမှု မရှိသူတို့ များပြားလွန်းလှသည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်း လက်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရေးအတွက် နှစ်စဉ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်ဆေးကြောရေးလှုပ်ရှားမှုများဖြင့် သတိပေးတိုက်တွန်းနှိုးဆော်လျက်ရှိသည်။
လက်ကိုဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပေးခြင်းက ရောဂါများကို ကာကွယ်နိုင်သည်ဟု ဆိုရာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ၏ ၂၃ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း၊ အအေးမိနှင့်တုပ် ကွေးကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၏ ၁၆ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းနှင့် အစားအစာကြောင့်ဖြစ်သည့် ရောဂါများ၊ မျက်လုံးနှင့် အရေပြားပိုးဝင်သည့်ရောဂါများ ဖြစ်ပွား မှုကို လျှော့ချပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
နေရာတကာကို ထိတွေ့ကိုင်တွယ်ထားသည့် မိမိလက်က မိမိကိုပြန်၍ အကြီးအကျယ် အန္တရာယ်ပြုနိုင်ကြောင်း သတိထားမိသူနည်းသည်။ လက်မသန့်ရှင်းသူတစ်ယောက်က ချက်ပြုတ် ပြင်ဆင်ပေးလိုက်သည့်အစားအသောက်က မိသားစုတစ်စုလုံးကို ဒုက္ခပေးနိုင်သည်။ အကယ်၍ လက်မသန့်ရှင်းသူသည် အစားအသောက်ရောင်းချသူဖြစ်မည်ဆိုလျှင် ၎င်းထံမှ ဝယ်ယူစား သောက်သူအများအပြား အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည်။
လက်တွင် ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေး (တစ်ဂရမ်)တွင် လူကိုသေစေနိုင်သည့် ဗိုင်းရပ်စ်ရောဂါပိုး ၁၀ သန်းခန့်၊ ဗက်တီးရီးယားရောဂါပိုးတစ်သန်းခန့်၊ သန်ကောင်နှင့် ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်ဥကဲ့သို့သော ကပ်ပါးရောဂါပိုးဥ ၁၀၀ ခန့် ပါဝင်နေသည်။ အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်မှသာ မြင်တွေ့နိုင်မည့် အဆိုပါအညစ် အကြေးများသည် လူအများကိုင်တွယ်လေ့ရှိသည့် အရာဝတ္ထုများ၊ နေရာများတွင် ကပ်ငြိနေကြသည်။ ငွေစက္ကူများ၊ တံခါးလက်ကိုင်များ၊ လှေကားလက်ရန်းများ၊ စားပွဲကုလားထိုင်များ၊ ပန်းကန်ခွက်ယောက်များ၊ ဖုန်းဟန်းဆက်များ စသည်တို့တွင် လူ့မစင်မှ ရောဂါပိုးများစွာ တွယ်ကပ်ရှိနေနိုင်သည်။ ထိုရောဂါပိုးများက မိမိကိုယ်ရော သူတစ်ပါးကိုပါ ကူးစက်နိုင်သည်။
သို့ဖြစ်ရာ အစာမစားမီ၊ အစားအစာများကိုမကိုင်တွယ်မီ၊ မချက်ပြုတ်မီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြရန်၊ အိမ်သာအထွက်တွင် လက်ကိုဆပ်ပြာဖြင့် မဖြစ်မနေစင်ကြယ် အောင်ဆေးကြောရန်၊ ကလေးအညစ်အကြေး၊ အခြားသော အညစ်အကြေးများနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်တွင်လည်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောကြရန် တိုက်တွန်းလိုသည်။
လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းအောင်ဆေးကြောသည်ဟု ဆိုရာတွင် လက်ဖဝါး၊ လက်ဖမိုး၊ လက်သည်းများကြား၊ လက်မ၊ လက်ကောက်ဝတ်တို့ကို ဆပ်ပြာဖြင့် သေချာစွာအချိန်ယူပွတ် တိုက်ဆေးပြီး သုံးရေသန့်ဖြင့် ရေလောင်းချစေရန်၊ ရေဇလုံတွင်နှစ်၍ မဆေးရန်၊ တစ်ယောက် သုံးပြီးသောရေကို နောက်တစ်ယောက် ထပ်မံမဆေးကြောရန် ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။
မိမိတို့ မြန်မာလူမျိုးများ၏ လက်ဆေးသည့်ဓလေ့မှာ လွန်စွာအားနည်းလှသည်ဟု သုတေသန ပြုမှုအရ သိရှိရသည်။ အိမ်သာမှထွက်လာသည့်လူ ၁၀၀ တွင် ၂၀ ခန့်ကသာ လက်ဆေးရန် အသိရှိကြပြီး ကျန် ၈၀ က ဆေးကြောခြင်းမရှိကြ။ ထိုသူတို့၏ လက်များသည် ၎င်းတို့ကိုယ်တိုင် အတွက်ရော၊ ၎င်း၏မိသားစုနှင့် အခြားဆက်စပ်နေသူများအတွက်ပါ ရောဂါပိုးဖြန့်ဝေနေ သည့်လက်များ၊ အန္တရာယ်ကြီးသည့်လက်များ ဖြစ်နေကြသည်။
မိမိတို့၏လက်များကို မိမိတို့ကိုယ်တိုင် တာဝန်ယူဆေးကြောကြရေး၊ မိမိတို့၏ သားငယ် သမီးငယ်များကို လက်ဆေးသည့် အလေ့အကျင့်ပျိုးထောင်ပေးရေးအတွက် ကမ္ဘာ့လက် ဆေးကြောရေးနေ့တွင် တိုက်တွန်းဆော်ဩလိုက်ရပါကြောင်း။ ။
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
