မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကိုစီယာ အား ခန့်အပ်ရန်သဘောတူညီ
မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကိုစီယာ အား ခန့်အပ်ရန်သဘောတူညီ
Ministry of Information/ Naypyitaw / January 10, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကိုစီယာအား ခန့်အပ်ရန် နီကာရာဂွါသမ္မတနိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကိုစီယာ ကို ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် နီကာရာဂွါနိုင်ငံ မာဆာရာမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် National University of Engineering မှ အီလက်ထရောနစ် အင်ဂျင် နီယာ ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ၂၀၁၀ ပြည့်နှစ် တွင်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာစီမံခန့်ခွဲမှုနှင့် အသုံးချပညာဘာသာရပ်ဆိုင်ရာ ဘွဲ့ (ဘွဲ့လွန်) ကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။ ၎င်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နီကာရာဂွါ နိုင်ငံဆက်သွယ်ရေးနှင့် စာတိုက်ဝန်ဆောင်မှုအဖွဲ့ (တယ်လီကောလ်) တွင် စီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေး အရာရှိအဖြစ် လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနတွင် မူဝါဒရေးရာဆန်းစစ်ရေး အရာရှိအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှစ၍ ဇင်ဘာဘွေနိုင်ငံအခြေစိုက် နီကာရာဂွါသံရုံး၌ သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
သတင်းစဉ်
Newspaper - 3407 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
