မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် တစ်ခုထပ်မံဆွတ်ခူး
မြန်မာနိုင်ငံအတွက် ကစ်ဘောက်ဆင်ကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ ဝူရှူးအားစားနည်းမှ ကြေးတံဆိပ် တစ်ခုထပ်မံဆွတ်ခူး
Ministry of Information/ Naypyitaw / December 17, 2025
ဘန်ကောက် ဒီဇင်ဘာ ၁၆
(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ထိုင်း နိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့ တို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် စက်ဘီး၊ မြားပစ်၊ သေနတ်ပစ်၊ ဘိုးလင်း၊ ဘိလိယက်နှင့် စနူကာ၊ ကဘာဒီ၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ပြေးခုန်ပစ်၊ E-sports ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ အပြည်ပြည် ဆိုင်ရာ လှေ၊ ရွက်လှေနှင့် အလေးမပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူးအား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ဘန်ကောက်မြို့ ရှိ Football Field 1, Sports Authority of Thailand, Bang-kok ၌ ကျင်းပလျက်ရှိသည့် မြားပစ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး Recurve တစ်ဦး ချင်းရှုံးထွက်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများကိုကြည့်ရှု အားပေးပြီး အားကစားသမားများနှင့်တွေ့ဆုံ၍ ဆက်လက်ယှဉ်ပြိုင်သွားမည့် ပြိုင်ပွဲပွဲစဉ်များတွင် မိမိတို့ရရှိထားသော ကောင်းမွန်သည့်ရမှတ်များ၊ စံချိန်စံညွှန်းများ အတိုင်း ထပ်မံရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားရန် အားပေးစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် John Paul II Sports Center, Assumption University, Samut Prakan , Bangkok ၌ ကျင်းပလျက်ရှိသည့် ကစ်ဘောက်ဆင်အားကစားနည်း အမျိုးသမီး Point Fighting -50 kg ဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာအသင်းမှ လင်းစန္ဒာဌေးနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်ကစားနေမှုနှင့် K1 -52kg ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ မေသဇင်ထူးနှင့် ထိုင်းအသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
မြန်မာအသင်းအနေဖြင့် ယနေ့ ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် စက်ဘီးအားကစားနည်းအမျိုးသား (Road Race) တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ မြားပစ် အားကစားနည်း အမျိုးသား၊ အမျိုးသမီး Recurve တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲများနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၂၅ မီတာ ပစ္စတိုတစ်ဦးချင်း အနှေး ပစ်ခတ်စဉ်ပြိုင်ပွဲ၊ ဘိုးလင်း အားကစားနည်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းအမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း Super Five ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ ဖူဆယ်အမျိုးသားပြိုင်ပွဲ၊ မွေ အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၅၇၊ -၆၃၊ -၅၄ နှင့် -၅၁ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၀ နှင့် အမျိုးသမီး ၆၆ ကီလို တန်းပြိုင်ပွဲများ၊ ကစ်ဘောက်ဆင် အားကစားနည်း အမျိုးသမီး Point Fighting -50 kg နှင့် K1-52 kg ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း သံလုံးပစ်နှင့် မီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲများ၊ E- sports အားကစားနည်း အမျိုး သမီး (MLBB)အသင်းလိုက်ပြိုင်ပွဲ၊ စစ်တုရင်အားကစားနည်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အာဆီယံစစ်တုရင် အမျိုးသမီးအသင်းလိုက်အမြန်ရွှေ့ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ် အားကစားနည်း အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲရှုံးထွက်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အပြည် ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသား (Men’s Single Sculls) ပြိုင်ပွဲနှင့် အမျိုးသမီး Women’s Four(W4) ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး Keel Boad SSL47 ပြိုင်ပွဲနှင့် အလေးမအားကစားနည်း အမျိုးသား ၉၄ ကီလိုတန်း ပြိုင်ပွဲများတွင် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ကစ်ဘောက်ဆင် အားကစားနည်း Point Fighting –50 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ လင်းစန္ဒာဌေးနှင့် K1 –52 kg ပြိုင်ပွဲတွင် မေသဇင်ထူးတို့က ငွေတံဆိပ်ဆုများကို ထပ်မံ ဆွတ်ခူး ရယူပေးနိုင်ခဲ့သည့်အတွက် ဒုတိယဝန်ကြီး ဦးထိန်လင်းက USD $ 200 စီနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်သည့် ထိုင်းဘတ်ငွေ ၁၀၀၀၀ ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့ပြင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ တွင် မြန်မာအသင်းမှ ရှိန်းဝဏ္ဏ ဇော်၊ ဇော်မင်းခန့်၊ ဇင်မင်းဦး၊ ဖြူဖြူသန်း၊ ဖူးဖူးနှင့် နှင်းနှင်းဝေတို့အတွဲက ကြေးတံဆိပ်ဆု၊ စစ်တုရင် အားကစားနည်း အာဆီယံ စစ်တုရင်အမျိုးသမီး အသင်းလိုက် အမြန်ရွှေ့ပြိုင်ပွဲတွင် မြန်မာအသင်းမှ စုစုလှိုင်၊ စိုးမိုးခိုင်၊ မေဆုလွင်၊ မေဆက်လွင်နှင့် မျိုးမျိုးသူတို့အတွဲက ကြေးတံဆိပ်ဆုနှင့် ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် ဝူရှူးအားကစားနည်း ဆန်းဆိုအမျိုးသား ၇၀ ကီလိုတန်း ပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးမင်းထက်က ကြေးတံဆိပ်ဆု ထပ်မံဆွတ်ခူး ရယူပေးနိုင်ခဲ့ သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၆ ရက် ပြိုင်ပွဲများအပြီး တွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၄ ခု စုစုပေါင်း ဆုတံဆိပ် ၄၆ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3382 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
