မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / January 15, 2026
image_latest


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အခြေအမြစ်မရှိသည့် မီဒီယာထုတ်ပြန်ကြေညာချက်ကို ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသားပယ်ချပါသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ခက်ခဲနက်နဲသည့် အခြေအနေမှန်များကို မျက်ကွယ်ပြုထားသော တစ်ဖက်သတ်အမြင်ဖြင့် အထောက်အထားမဲ့ စွပ်စွဲချက်များသာပါရှိသော ယင်းကြေညာချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြင်းထန်စွာ ရှုတ်ချသည်။ “စစ်အာဏာရှင်” ဟူသော နိုင်ငံရေးအရနှိမ်ချသည့် စကားလုံးများကို အသုံးပြုခြင်းသည် အစိုးရတစ်ရပ်ကို လေးစားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခြင်းဖြစ်ပြီး အာဆီယံ၏ အဓိကမူဝါဒများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှု ခိုင်မာစေရေးနှင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူဝါဒကို တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်၏ အခန်းကဏ္ဍနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ဆောင်ရွက်ချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့နှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများရှိနေသည့် ကာလတစ်ရပ်ကို ဖြတ်သန်းကျော်လွှားနေသည့် အာဆီယံအဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်အခြေအနေများပြန်လည် ရရှိစေရန်နှင့် ငြိမ်းချမ်းသည့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်စေရန် လိုအပ်သည့် စီမံဆောင်ရွက်မှုများအားလုံးကို ဆောင်ရွက်လျက်ရှိပါသည်။ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ခြင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် ကိစ္စဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များအပေါ် ပြင်ပအဖွဲ့အစည်းများမှ ကြိုတင်အကဲဖြတ်ခြင်း သို့မဟုတ် ကန့်သတ်တားမြစ်ချက်များ ချမှတ်ရန် ကြိုးပမ်းခြင်းသည် လုံးဝလျော်ကန်မှုမရှိပါ။

အာဆီယံပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့တွင် ပြဋ္ဌာန်းပါရှိသော ပြည်တွင်းရေးကိစ္စရပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အရေးကြီးသည့် အဓိကအခြေခံမူဝါဒကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှု၍ ပြင်ပမှဝင်ရောက်စွက်ဖက်ခြင်းသည် တည်ငြိမ်မှုကို ထိပါးစေပြီး အလွန်အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သည်။

လူသိရှင်ကြား ရှုတ်ချဝေဖန်ခြင်းထက် အပြုသဘောဆောင်သော ထိတွေ့ဆောင်ရွက်မှုများကို သာဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အခိုင်အမာယုံကြည်ပါသည်။ မကြာသေးမီက နိုင်ငံတော်အစိုးရက ကျင်းပခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ ပထမအပိုင်းနှင့် ဒုတိယအပိုင်းတို့ကို လွတ်လပ်ပြီး တရားမျှတစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ကို အပြည်ပြည်ဆိုင်ရာ လေ့လာစောင့်ကြည့်သူများ မျက်မြင်တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ အပြီးသတ်တတိယအပိုင်းကိုလည်း စီစဉ်ထားသည့်အတိုင်း နိုင်ငံတော်အစိုးရက ဆက်လက်ကျင်းပသွားလိမ့်မည်ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မိတ်ဆွေမပီသသော အဆိုပါထုတ်ပြန်ကြေညာချက်ကို ပြတ်ပြတ်သားသားရှုတ်ချ၍ ပယ်ချကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းအတွင်း တင်းမာမှုများကို ပိုမိုပြင်းထန်စေပြီး စိတ်ဝမ်းကွဲပြားမှုများ တိုးပွားစေမည့် ထိုကဲ့သို့သော ကြေညာချက်များ ထပ်မံထုတ်ပြန်ခြင်းကို မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ချက်ချင်းရပ်တန့်ပေးသွားရန် ပြင်းပြင်းထန်ထန်တောင်းဆိုပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ မြန်မာနိုင်ငံပြည်သူလူထုအကျိုးနှင့် သာယာဝပြောမှုတို့ကို လေးစားကာ အကန့်အသတ်မထားဘဲ အားလုံးပါဝင်မှုရှိသည့် ငြိမ်းချမ်းသောဆွေးနွေးမှုများကို ထောက်ခံအားပေးသွားကြပါရန် တိုက်တွန်းဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

Newspaper - 3412 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download