မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆ /၂၀၂၆)


Ministry of Information/ Naypyitaw / May 30, 2026
image_latest


၁။      ပညာသင်ကြားခွင့်သည် လူသားတိုင်းရရှိရမည့် အခြေခံအခွင့်အရေးဖြစ်ပါသည်။ ပညာသင်ကြားခွင့်နှင့် စပ်လျဉ်း၍ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၆(၁)နှင့် မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ၂၉ တို့တွင် ဖော်ပြထားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၆၊ ၄၇ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၂၀ မှ ၂၅ အထိတို့တွင် အတိအလင်းပြဋ္ဌာန်းထားပါသည်။

၂။       ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းကလေးငယ်များအပါအဝင် ကျောင်းနေအရွယ် ကလေးသူငယ်အားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက နှိုးဆော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည် မြင့်မားရေးသည် ပဓာနကျသည်ဖြစ်ရာ ပညာရေးကို အားပေးခြင်းဖြင့် ကလေးတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် ဆင်ခြင်တုံတရား မြင့်မားလာစေခြင်း၊ ကိုယ်ပိုင်ဘဝရပ်တည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်း၊ မိသားစုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတို့ကို အကျိုးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ကို အထောက်အကူပြုနိုင်သည့် မျိုးဆက်သစ်လူသား အရင်းအမြစ်များ ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

၃။      သို့ဖြစ်ပါ၍ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် နိုင်ငံတော်၏ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးများ စာသင်နှစ်အလိုက် ကျောင်းအပ်နှံရေး၊ စာသင်ခန်းသို့ ပြန်လည်ရောက်ရှိရေး၊ အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားခွင့်ရရှိရေး မိဘအုပ်ထိန်းသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download