မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄) ခု ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၇၆ သန်းကျော်ရှိ


Ministry of Information/ Naypyitaw / January 15, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၅

တရုတ် - မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄) ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၇၆ ဒသမ ၂၄၉ သန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အဆိုပါနိုင်ငံများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ လုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခံစားခွင့်ပြုထားသည့်အပြင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် နေရာပေါ်မူတည်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်သုံးနှစ်မှ ခုနစ်နှစ်အထိ ခံစားခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေး (Ease of doing business) အတွက် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်(Myanmar Companies Online – MyCO) မှတစ်ဆင့် ကုမ္ပဏီမှတ်ပုံတင်များတင်ခြင်း၊ ဗီဇာသက်တမ်းတိုးထောက်ခံချက်များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရေးအတွက် MIC Permitted Companies Online Visa Applictaion System (MOVAS) စနစ်နှင့် Online Recommendation Letter of Visa Extension စနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ကနဦးစုံစမ်းမေးမြန်းခြင်းများကို Step up centre များ ထူထောင်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

ထို့အတူ အာဆီယံ - ဩစတြေးလျ- နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်သည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်၏ ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ အကောက်ခွန်သက်သာခွင့်အတွက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်များ၊ နည်းပညာများအား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီဟစည်သူ

Newspaper - 3411 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download