မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Labour/ ရုံးအမှတ် (၅၁) ၊နေပြည်တော် / September 18, 2024
နေပြည်တော် စက်တင်ဘာလ ၁၈
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီဝင်များမှ Video Conferencing စနစ်ဖြင့်တက်ရောက် ကြသည်။
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ အစည်း အဝေးကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ ၅ နှစ်လုပ်ငန်း စီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်း ကော်မတီဝင်များမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မိသားစုများအတွက် ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ပါကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသား ကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊
ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အဖြစ်ပေါ်ပေါက်လာသည့် သဘာဝ ဘေးအန္တရာယ်နှင့် ပြည်တွင်းပဋိပက္ခတို့ကြောင့် စားရေရိက္ခာရှားပါးလာခြင်း၊ လူမှုစီးပွားဘဝ အကြပ်အတည်းများနှင့်ရင်ဆိုင်လာရခြင်း၊ ရွှေ့ပြောင်းသွားလာမှု များပြားလာခြင်းတို့ကြောင့် မိဘများအလုပ်လက်မဲ့ဖြစ်ပြီး ကလေးများအတွက် ပညာသင်ကြားရေးကို အဟန့်အတားဖြစ်စေ ခြင်းကြောင့် ကလေးအလုပ်သမား ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း၊
လုပ်ငန်းကော်မတီဝင်ဝန်ကြီးဌာနများနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးရေး လုပ်ငန်းကော်မတီများအနေဖြင့် ဒေသခံ အလုပ်လက်မဲ့ မိသားစုများအတွက် အခြေခံအသက်မွေးဝမ်းကျောင်းပညာသင်တန်း များနှင့် အဆင့်မြင့်နည်းပညာ သင်တန်းများကိုဖွင့်လှစ်ပို့ချနိုင်ရေး သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီများ အနေဖြင့် သက်ဆိုင်ရာ ဘတ်ဂျတ်အလိုက် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေများအား သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး ရေးလုပ်ငန်းကော်မတီများမှ ကလေး အလုပ်သမား များ၏ မိသားစုများ ဝင်ငွေတိုးပွားစေရန် အတွက် အခြေခံသက်မွေးပညာရပ်များနှင့် ဒေသထွက်ကုန် တန်ဖိုးမြှင့်နည်းပညာ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၁,၈၁၆ ကြိမ်ဖွင့်လှစ်၍ သင်တန်းသားများစွာကို အလုပ် အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၄-၂၀၂၈ ခုနှစ်၊ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် တက်ရောက်လာသူများက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရမည့်အချက်များကို အတည်ပြုချက်ရယူ၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download